လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၅) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်၌ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာတွင် လေပွေတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀‌၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀ဝိ/-)၊   အိမ်ထောင်စု (၁၂) စုရှိ လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၅၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၅၀၀ဝိ/-)နှင့် အိမ်ထောင်စု (၂) စုအတွက် (၂၁၆၀၁၂/-) တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၂) စုစာတို့အား  (၂၉-၇-၂၀၂၅) ရက်နေ့၊  (၁၃:၀၀) နာရီအချိန်တွင် ကျောက်တန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM


နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR