အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်အရ မွန်ပြည်နယ်၊ လူမှုဝန်ထမ်းရုံးမှ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ (၂၀၁၈) အသိပညာပေးခြင်းကို ၂၆--၂၀၂၆ ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းတွင် ပြည်နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ပြုံးမှ  အဖွင့်အမှာစကားပြောကြားပြီး ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေ အသိပညာပေးခြင်းနှင့်ပတ်သက်၍ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ ဗဟိုကော်မတီနှင့် ပြည်နယ်/တိုင်းဒေသကြီး ကော်မတီဖွဲ့စည်းပုံများ၊ တည်ထောင်ခွင့်ပြုမိန့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်ကြေးပေးသွင်းခြင်း ကိစ္စရပ်များအား ရှင်းလင်းပြော ကြားပါသည်။ ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒေါ်ဝင်းဝင်းမာက မူကြိုတည်ထောင် ခွင့်ပြုမိန့် လျှောက်ထားရာတွင် လိုအပ်သော သတ်မှတ်ချက်များ၊ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ ကျောင်းခန်းတွင်း/ပြင်သင်ယူရန်နေရာများ ပြင်ဆင်ထားရှိမှု၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ စနစ်တကျရေးဆွဲသွားရန်၊ တည်ထောင်ခွင့်ပြုမိန့်မရရှိဘဲ ကျောင်းများ ဖွင့်လှစ်ထားခြင်းများ မပြုလုပ် ရန်၊ ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်ဖြေကြား၍ အသိပညာပေးခြင်းကို နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။

အသိပညာပေးပွဲသို့ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများမှ ဆရာ/ဆရာမများ၊ စုစုပေါင်း အင်အား (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်

MOS

DSW

DDM

DOR