ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းဖွင့်လှစ်
၂၅ ဖေဖော်ဝါရီ ၂၀၂၆
- လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန် လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးကျင်း ပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင် တန်းကို ၂၀-၂-၂၀၂၆ရက်နေ့၊ နံနက် (၀၉: ၃၀)နာရီတွင်ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
- အဆိုပါသင်တန်းတွင် ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက နှုတ်ခွန်းဆက်စကားနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင်ဦးအုန်းခိုင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန် မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်လည်ထူ ထောငရေးဦးစီးဌာန၊ ရုံးချုပ်မှ တာဝန်ရှိသူ များက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ် ငန်းစဉ်များ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် ပတ်သတ်၍ မသန်စွမ်းသူမှတ်ပုံတင် ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အ ခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ၊ဆောင်ရန်၊ရှောင်ရန်နှင့်လိုက်နာရမည့် အချက်များ၊ မှတ်ပုံတင်ခြင်းလုပ်ငန်း အ ဆင့်ဆင့်၊ အသက်အရွယ်အလိုက် အကဲ ဖြတ် မေးခွန်းလွှာ (၅) စုံ အကြောင်း ရှင်း လင်း ဆွေးနွေးခဲ့ပါသည်။
- အထက်ပါသင်တန်းသို့ရန်ကုန်တိုင်း ဒေသကြီး၊ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံမသန် စွမ်းသူများအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ နယ် အမျိုးသမီးရေးရာ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ် ကြက်ခြေနီ အ သင်းဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ပြီး မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူ များ မှတ်ပုံတင်ခြင်းသင်တန်းကို သင်တန်းကာလ နှစ်ရက်ကြာ ဆောင်ရွက်နိုင်ခဲ့ပြီး အဆိုပါမြို့နယ်အတွင်းနေထိုင်သည့်မသန် စွမ်းသူများမှသက်ဆိုင်ရာ ရပ်ကွက်/ကျေး ရွာ အုပ်ချုပ်ရေးမှူးရုံးများမှ တစ်ဆင့် လို အပ်သည့် အထောက်အထားများနှင့်အတူ ပူးတွဲ၍မသန်စွမ်းမှတ်ပုံတင်လက်မှတ်များ လာရောက် လျှောက်ထားနိုင် ပါကြောင်း သတင်း ရရှိပါသည်။