လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ၈-၃-၂၀၂၆ ရက်တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှုကို ပိုမိုထင်ဟပ်ပေါ်လွင်စေခြင်း၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် စောင့်ရှောက်မှုများ ပေးနိုင်ခြင်းဖြင့် ယခုနှစ်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ၏ စွမ်းရည်များ မြှင့်တင်ပေးနိုင်ပါစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ နေပြည်တော် အမျိုးသမီးကော်မတီ ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ပါသည်။






