၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုလှုပ်ရှားမှု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍  အောင်မြေမန္တလာအားကစားကွင်း၌  ( ၁. ၁၂. ၂၀၂၅ ) ရက်၊ နံနက် ( ၀၇း၀၀ ) နာရီအချိန်မှ စတင်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှု အောက်ရှိ မသန်စွမ်းကလေးများသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ နားမကြားသော ကလေးများကျောင်းမှ ကျောင်းသား/သူများနှင့် လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု မသန်စွမ်းပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/သူများဖြင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲနှင့် မီတာ(၅၀)လမ်းလျှောက်ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ ညွှန်ကြားရေးမှူးမှလည်းကောင်း၊တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနိုင်လင်းအောင်၊ ညွှန်ကြားရေး မှူးတို့မှလည်းကောင်း၊ မသန်စွမ်းသူများအားကစားပြိုင်ပွဲ ကြီးကြပ်‌‌ရေးကော်မတီမှ အဖွဲ့ဝင်များ မှလည်းကောင်း မသန်စွမ်းသူများအားကစား ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခြင်းနှင့် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော မသန်စွမ်းကလေးသူငယ်များအား နှစ်သိမ့်ဆုများအဖြစ် လည်ဆွဲများချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါအကြိုလှုပ်ရှားမှု မသန်စွမ်းသူအားကစားပြိုင်ပွဲ (ပထမနေ့) အခမ်းအနားအား  နံနက် (၀၉း၁၅) နာရီတွင် ပြီးဆုံးခဲ့ပါသည်။





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR