လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် (၂၃.၂.၂၀၂၆)ရက်နေ့တွင်ဘားအံမြို့၊အမှတ်(၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉)ရပ်ကွက်မှ အိမ်ထောင်စု (၁၁၅၉)စု၊လူဦးရေ(၄၈၈၄)ဦးတို့အား  (၇)ရက်စာ ဆန်ဖိုးငွေ (၂၄၄၂၀၀၀ဝိ/-)အား မိုးလုံလေလုံအားကစားရုံ၌ လည်းကောင်း၊ ကော့ထော်ကျေးရွာ၊ ဘားကပ်ကျေးရွာ၊ ဖဲကတာကျေးရွာ၊ ရဲသာကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ ကျုံစောင့်ကျေးရွာ၊ တော်ပုံကျေးရွာ၊ ရွှေတောကျေးရွာ၊ ဖအွံကျေးရွာ၊ လှာကာကျေးရွာ၊ ခရား(အတွင်း)ကျေးရွာ၊ ကော့လှိုက်ကျေးရွာ၊ ကော့ရင်း (အောက်) ကျေးရွာ၊ နောင်ထလုံးကျေးရွာ၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာ၊ ခရား (အပြင်) ကျေးရွာ၊ ဇာသပြင်(အရှေ့)၊ဇာသပြင်(အနောက်)ကျေးရွာ၊ ကော့ထမ္မလိန်းကျေးရွာ၊ ဌာနဆိုင်ရာများမှ အိမ်ထောင်စု(၇၉၈)စု၊ လူဦးရေ(၂၆၀၄)ဦးတို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၁၃၀၂၀၀၀ဝိ/-)အား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လည်းကောင်း၊ တပ်ရင်း/တပ်ဖွဲ့မှ အိမ်ထောင်စု (၁၁၆၃)၊ လူဦးရေ (၂၆၃၄)ဦးတို့အတွက်(၇)ရက်စာဆန်ဖိုး​ငွေ(၁၃၁၇၀၀၀ဝိ/-) အားစစ်သည်ခန်းမ၌လည်းကောင်း၊ (၂၃.၂.၂၀၂၆)ရက်နေ့တွင် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR