၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းသင်တန်းကျောင်းများမှ အခြေခံ ပညာ Grade-12 အောင်မြင်သည့် ကျောင်းသား/ သူများနှင့် ပညာရေးနှင့် အားကစားထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား  ၂၀.၉.၂၀၂၅ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးလွင်ဦး ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ ဌာနငယ်/သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ဆုရကျောင်းသား/သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး Grade-12 အောင်မြင်သည့် ကျောင်းသား/သူများအား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းကျောင်းများမှ ပညာရေးနှင့် အားကစားထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုဆု များ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် Grade-12 အောင်မြင်သည့် ကျောင်းသား/သူများ ကိုယ်စားကျောင်းသူ (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 








နောက်ဆုံးရသတင်းများ

မြောင်းမြမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း

MOS

DSW

DDM

DOR