၂၄-၃-၂၀၂၆ ရက်တွင် ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ညောင်လေးပင်မြို့ရှိ ညောင်လေးပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပညာပေးဆွေးနွေးပွဲတွင် ညောင်လေးပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြား၍ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ခရိုင်အမျိုးသ မီးကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းခြင်း၊  ရှင်းလင်းခြင်းများကိုဆောင်ရွက်ခဲ့ပြီး ညောင်လေးပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစီအစဉ်ကို  အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ 



နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR