လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅--၂၀၂၅) ရက်နေ့ (၁၃:၃၀) နာရီအချိန်ခန့်တွင်   သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၄၆)လုံးနှင့် အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် (၃၃) လုံး၊ စုစုပေါင်းလူနေအိမ် (၇၉) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၀၀၀,၀၀ဝိ/-)နှင့်    စုစုပေါင်းလူဦးရေ (၃၀၅) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၅၂၅,၀၀ဝိ/-)၊ သေဆုံးလူဦးရေ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ စုစုပေါင်း (၈,၈၂၅,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း  (၁၇) မျိုး  အိမ်ထောင်စု   (၄၆) စုစာ စုစုပေါင်းထောက်ပံ့ငွေ (၄,၉၅၃,၁၈၈/-)အား (၂၉--၂၀၂၅) ရက်နေ့ ၊(၁၃:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ
ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

MOS

DSW

DDM

DOR