လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅--၂၀၂၅) ရက်နေ့ (၁၃:၃၀) နာရီအချိန်ခန့်တွင်   သထုံမြို့နယ်၊ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၄၆)လုံးနှင့် အမိုးလန် ပျက်စီးခဲ့သည့် လူနေအိမ် (၃၃) လုံး၊ စုစုပေါင်းလူနေအိမ် (၇၉) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇,၀၀၀,၀၀ဝိ/-)နှင့်    စုစုပေါင်းလူဦးရေ (၃၀၅) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၅၂၅,၀၀ဝိ/-)၊ သေဆုံးလူဦးရေ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ စုစုပေါင်း (၈,၈၂၅,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း  (၁၇) မျိုး  အိမ်ထောင်စု   (၄၆) စုစာ စုစုပေါင်းထောက်ပံ့ငွေ (၄,၉၅၃,၁၈၈/-)အား (၂၉--၂၀၂၅) ရက်နေ့ ၊(၁၃:၀၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့်အတူ ဇိုက္ကရဲကျေးရွာအုပ်စု၊ အောင်ကန်သာကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR