လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်လည်ထူထောင်ရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ (၁၉-၆-၂၀၂၄)ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၂:၀၀) အချိန်ထိ လှိုင်းဘွဲ့မြို့၊ ကွမ်တာကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/သူ (၁၅၀)ဦးတို့အား လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက် ၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောမှုများအားလည်းကောင်း၊ ​​လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၉) မျိုး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊  ကျောင်းဝန်းအတွင်း၌ ဗီနိုင်းပိုစတာ ကပ်နိုင်ရေးအတွက် ငလျင်​​ဘေးအသိပညာပေး ဗီနိုင်းပိုစတာ ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။


Source:  DDM

 

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

MOS

DSW

DDM

DOR