ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှဦးစီး၍ (၃၃) ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားအား ၁.၁.၂၀၂၆ ရက်၊ နေ့လယ် (၀၂:၀၀) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            အခမ်းအနားတွင်  နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊  နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ နေပြည်တော် ကလေးပြုစုရေးဌာနနှင့် မူလတန်းကြိုကျောင်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက တက်ရောက်လှူဒါန်းခဲ့ကြပါသည်။

            အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သံဃာတော် (၉၀) ပါး၊ သီလရှင် (၃၉) ပါးနှင့် ပျဉ်းမနားမြို့နယ်ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၃၉) ဦးတို့အား တက်ရောက်လာသော တာဝန်ရှိသူများက ဆွမ်းဆန်တော်နှင့် အထွေထွေအသုံးအဆောင် ပစ္စည်းများအား အသီးသီးဆပ်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားအား ညနေ (၀၄:၀၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR