၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်းနှင့် ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ငလျင်ဒဏ်သင့်ပြည်သူ များထံ နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများ၊ ဆေးဝါးများသည် မတ်လ ၂၉ ရက် ညပိုင်းမှ စတင်၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်သီလဝါဆိပ်ကမ်းတို့သို့ ရောက်ရှိလာခဲ့ပါသည်။

မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၂၀ ရက်နေ့အထိ ငလျင်ဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံ၊ AHA Center ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ရှရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုဇ်နိုင်ငံ၊ လာအိုနိုင်ငံ၊ Singapore Red Cross Society၊ နီပေါနိုင်ငံ၊ UAE နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများသို့ အချိန် မဆိုင်းဘဲ ဆက်လက်ဖြန့်ခွဲ ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတကာက ကူညီထောက်ပံ့ သည့် ပစ္စည်းများမှာ မိုးကာတဲ၊ တာပေါ်လင်၊ Hygiene Kit ၊ Kitchen Set ၊ မီးစက်၊ Sleeping Bags၊ စားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းတို့ဖြစ်ပါသည်။

  ပစ္စည်းများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေပြည်တော်ကောင်စီ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများကို သက်ဆိုင်ရာဝန်ကြီး ဌာနများ၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့မှတစ်ဆင့် မန္တလေး တိုင်းဒေသကြီးသို့ မော်တော်ယာဉ် ၅၂ စီးဖြင့် ပေးပို့ခဲ့သည့် လှူဒါန်းပစ္စည်းများနှင့် မန္တလေး (တံတားဦး) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည့်ပစ္စည်းများကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော် ယာဉ် ၂၃ စီးဖြင့် ပေးပို့ထားသည့် လှူဒါန်းပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ မော်တော်ယာဉ် ၇ စီးဖြင့် ပေးပို့ ခဲ့သည့် လှူဒါန်းပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လည်းကောင်း ခွဲဝေ ထောက်ပံ့ဆောင်ရွက်လျက်ရှိပါသည်။ လှူဒါန်းရရှိသည့် ပစ္စည်းများအနက် ဆေးနှင့် ဆေးပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများကို ကျန်းမာရေးဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ်ကာ ဒဏ်ရာရရှိသည့် ပြည်သူများအား ကုသရာတွင် အသုံးပြုပါ သည်။

 နိုင်ငံတကာအလှူရှင်များ၏ လှူဒါန်းပစ္စည်းများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဘေးသင့် ပြည်သူများအတွက် ဖြန့်ခွဲပေးပို့ထားမှုကို နောက်ဆက်တွဲပါဇယားများဖြင့် ပူးတွဲ၍ ဖော်ပြ အပ်ပါသည်။

 နိုင်ငံတကာအလှူရှင်များက ထပ်မံလှူဒါန်းလာသည့် ပစ္စည်းများရောက်ရှိမှုနှင့် ငလျင် ဘေးသင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိဖြန့်ခွဲမှုတို့ကို ၁ ပတ်လျှင် ၁ ကြိမ် ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပခြင်း
နိုင်ငံတကာမှ ကူညီထောက်ပံ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR