လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌ စခန်း အခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၀-၁၂-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် ကျိုင်းတုံမြို့၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပခဲ့ပါသည်။

ဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က မူးယစ်ဆေးဝါးပြဿနာဟာ ဒီကနေ့ကမ္ဘာမှာ အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ တစ်နေ့တစ်ခြား ကြီးထွားလာတဲ့ ပြဿနာတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံး နည်းမျိုးစုံ ဖြင့် ရင်ဆိုင်ဖြေရှင်း နေရတာဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေး စီးဆင်းမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုများနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဖြစ်ပေါ်စေ ကြောင်း၊ တစ်ဖက်မှာလည်း မူးယစ်ဆေးဝါးမှရရှိလာတဲ့ ငွေကြေးတွေကြောင့် မှုခင်းများစွာကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွေမှာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်း တွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုများပေးအပ်ချီးမြင့်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသားများ၊ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ပြီး နံနက်(၁၀:၀၀)နာရီတွင် ဆင်းပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု

MOS

DSW

DDM

DOR