၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍  မန္တလေးမြို့တော်စည်ပင်ခန်းမတွင် ၃.၁၂.၂၀၂၅ ရက်၊ နံနက် (၀၉း၀၀) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးမသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာ ကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာကော်မတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ မသန်စွမ်းကလေးများ သင်တန်းကျောင်းနှင့် နားမကြားသောကလေးများကျောင်းမှ ကျောင်းသား/ သူများနှင့် လူမှုဝန်ထမ်းဦးစီးဌာန အသိ အမှတ်ပြု မသန်စွမ်းပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/ သူများ၊ မသန်စွမ်းဂေဟာမှ မသန်စွမ်းသူများတက်ရောက်၍ မန္တလေးတိုင်းဒေသကြီး မသန်စွမ်းသူများအခွင့်အရေးများဆိုင်ရာကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး၊ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ၁.၁၂.၂၀၂၅ ရက်နှင့် ၂.၁၂.၂၀၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အကြိုလှုပ်ရှားမှု အားကစားပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသော မသန်စွမ်းသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းနှင့် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုများနှင့် ကြေးတံဆိပ်ဆုများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ UN-massage ဖွင့်လှစ်ပြသခြင်း၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ Video Clip ပြသခြင်းများပြုလုပ်၍ အခမ်းအနားသို့ တက်‌ရောက်လာသူဦးရေ ၃၀၀  ဖြင့် စည်းကားသိုက်မြိုက်အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန ( ရန်ကုန် )၌ ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်(အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး) ရပ်ရွာအခြေပြု Ready to wear စက်ချုပ်သင်တန်းဖွင့်လှစ်

MOS

DSW

DDM

DOR