လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီး လှုပ်ခတ်မှု (၁)နှစ်ပြည့် အကြို အသိပညာပေး လှုပ်ရှားမှု အဖြစ်( ၁၉-၃-၂၀၂၆)  ရက်နေ့ မနက်ပိုင်းအချိန်တွင် ဥတ္တရသီရိမြို့နယ် (မင်းကုန်းကျေးရွာ၊ ကျွဲရှင်းကျေးရွာ၊ ဆည်ကန်ကျေးရွာ၊ မုံနှစ်ကျေးရွာ) များတွင် လည်းကောင်း၊ နေ့လည်ပိုင်းအချိန်တွင် တပ်ကုန်းမြို့နယ်အတွင်းရှိ (အနော််ရထာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်) များအတွင်းရှိ နယ်မြေ(၁)၊ (၂)၊(၃)၊(၄)၊(၅)၊(၆)(၇)၊(၈)တို့တွင် ငလျင် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါသည်။

Source: DDM 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့

MOS

DSW

DDM

DOR