လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ယနေ့ ညနေ ၁၆:၀၀ နာရီအချိန်တွင် ဝန်ကြီးဌာန ဝန်းအတွင်း၌ နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာ ရွတ်ဖတ်ပူဇော်ခြင်းကို ပြုလုပ်ရာ ဆရာဒကာ၊ ကျောင်းတိုက်(၄)ခု မှ သံဃာတော်(၉)ပါးက အန္တရာယ်ကင်းပရိတ် တရားများ ရွတ်ဖတ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆန်၊ဆီ၊ဆား၊ ငရုတ်၊ကြက်သွန် အပါအဝင် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နှစ်စဉ် နှစ်တိုင်း နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် များအားလုံးတွင် သက်ကြီးပူဇော်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်လျက်ရှိပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ယနေ့ ညနေ ၁၇:၀၀နာရီအချိန်တွင် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ သက်ကြီးပူဇော်ပွဲ  အခမ်းအနားကို ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ အခမ်းအနား ဖွင့်လှစ်ပြီး အဘိုးအဘွား များအား ကန်တော့ကျိုးဖြင့် ကန်တော့ခဲ့ကြပါသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အလှူငွေကျပ်  (၂၅) သိန်းတိတိအား ပေးအပ်လှူဒါန်းရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ တာဝန်ခံအရာရှိ ဗိုလ်မှူးသောင်းမြင့် (ငြိမ်း) ကလက်ခံခဲ့ပါသည်။

          ဆက်လက်၍ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ အဘိုးတစ်ဦးက မုဒိတာစကား ပြောကြားခဲ့ပါသည်။  ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် အဘိုး(၁၃၈)ဦး၊ အဘွား(၅၈)ဦး၊ စုစုပေါင်း(၁၉၆)ဦးရှိကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း

MOS

DSW

DDM

DOR