လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimuraအားယမန်နေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်

ထိုသို့တွေ့ဆုံရာတွင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့အကြားလူမှုရေးမူဝါဒ၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ပညာရေး (ရှေးဦးကာလလေ့လာသင်ယူမှု)လုပ်ငန်းအစီအစဉ် (Work Plan)များလက်မှတ်ရေးထိုး၍လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသောလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များ၊ဝန်ကြီးဌာနနှင့် UNICEF တို့အကြားဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့်UNICEFရုံးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

MOS

DSW

DDM

DOR