လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည်နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် ၂၇-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မိုးရွာသွန်းမှုများပြား၍ ရေကြီးရေလျှံမှုဖြစ်ပွားသော ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မကျည်းပင်ကျေးရွာသို့ ကွင်းဆင်း၍ ရေကြီးရေလျှံဖြစ်ပွားမှုအခြေအနေကို ကြည့်ရှုပြီးရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် သောက်သုံးရေသန့်၊ ခေါက်ဆွဲခြောက်များထောက်ပံ့ကာ တွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ခေတ္တပြောင်းရွှေ့ခိုလှုံသောမိသားစုများသည် မိမိတို့၏နေအိမ်များသို့ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြပြီဖြစ်ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ မကျည်းပင်ကျေးရွာ၊ အနော်ရထာရပ်ကွက်၊နဝင်းချောင်းတံတားနှင့်ကင်းသာတံတားရေစီးဆင်းမှုအခြေအနေများအားလိုက်လံကြည့်ရှုပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ၌စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြားပါသည်။

အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်ဝန်ကြီးဌာန ၂ ခုမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် သဘာဝဘေးဖြစ်ပွားမှုများသည် ကမ္ဘာနှင့်အဝှမ်းတစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ဖြစ်ပွားလာပြီးဖျက်ဆီးမှုအင်အားများလည်းပိုမိုပြင်းထန်လာနေပါကြောင်း၊အဆိုပါသဘာဝဘေးများ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအတွက် အဓိကအရေးပါသော ကဏ္ဍကြီးတစ်ခုဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းကဏ္ဍတွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ရလေ့ရှိပါကြောင်း၊ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးအစီအမံများကို ပိုမိုဂရုပြုထည့်သွင်းဆောင်ရွက်ရန် ကမ္တာ့နိုင်ငံအားလုံးက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြသည်ဖြစ်ရာ မိမိတို့ နိုင်ငံတွင်လည်း အလားတူလိုက်ပါဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်ရှိသည်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ဖြင့်ပြောကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကအမှာစကားပြောကြားရာတွင်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် တောင်သူများအပါအဝင် ပြည်သူလူထုအားအသိပညာပေးရန်ကိစ္စရပ်များ၊စိုက်ပျိုးရေရရှိရေးကိစ္စရပ်များလွန်စွာအရေးပါ ပါကြောင်း၊ရာသီအလိုက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးများကိုကြိုတင်တွေးဆပြီးရွားသွန်းသည့်မိုးရေများကိုအကျိုးရှိစွာထိန်းသိမ်းနိုင်ရေးဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပုံမှန်ရှေးရိုးနည်းလမ်းများထက် သုတေသနများပြုလုပ်ပြီးပြောင်းလဲဖြစ်ပေါ် နေသောရာသီဥတုအခြေအနေနှင့် ကြုံတွေ့ရနိုင်သည့် သဘာဝဘေးအန္တရာယ်များကို တွက်ဆကာ ခေတ်စနစ်နဲ့အညီနည်းပညာမြင့်မားသောစိုက်ပျိုးမွေးမြူရေးကဏ္ဍဖြစ်ထွန်းရေး ဆောင်ရွက်သွားကြရန်တို့ကို တိုက်တွန်းပြောကြားပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊  ကူးတို့ဆိပ်အုပ်စု၊ ကြို့တန်း၊ အင်းသာကျေးရွာ၊သာယာစုကျေးရွာတို့တွင် ပေါင်းလောင်းမြစ်ရေမြင့်တက်လာမှုကြောင့်ရွှေတောင်တန်းတောရအလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းသို့ ပြည်သူများ ရွှေ့ပြောင်းနေထိုင်ရန် ပြင်ဆင်နေမှုအခြေအနေများကိုကြည့်ရှုပါသည်။

ထို့နောက်      ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်နေမှုအခြေအနေများကိုကြည့်ရှုကာအဆိုပါနှစ်စဉ်မြစ်ရေဝင်ရောက်လေ့ရှိသောကျေးရွာများ၏ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဆောင်ရွက်နေမှုများကိုကြည့်ရှုပြီးလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား

MOS

DSW

DDM

DOR