၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး လက်အောက်ရှိ အေးသာယာမူလတန်းကြိုကျောင်း၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ၊ မူဆယ်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ အေးသာယာမြို့အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အေးသာယာမြို့အုပ်ချုပ်ရေးမှူးနှင့် မိခင်နှင့် ကလေးအသင်းဝင်များ၊ အေးသာယာမြို့ရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ တာဝန်ခံကျောင်းအုပ်များ၊ မိခင်ဝိုင်းမှ တာဝန်ခံကျောင်းအုပ်များ၊ တောင်ကြီးမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မေတ္တာစိမ့်စမ်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်၊ မိဘဆရာအသင်းကော်မတီအဖွဲ့ဝင်များနှင့် ကလေး (၁၅၀) ဦး၏ မိဘများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားကို အစီအစဉ် (၉) ခုဖြင့် ကျင်းပခဲ့ပြီး ပထမဦးစွာ အေးသာယာမူလတန်းကြိုကျောင်း သားငယ်/သမီးငယ်လေးများမှ "မြန်မာ့အားကစားကမ္ဘာကို လွှမ်းစေရမည်သီချင်း" ကို ပန်းပွားအကဖြင့် ကပြဖျော်ဖြေ၍ ကာယစွမ်းရည်ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အငယ်အဆင့် အသက် (၃) နှစ်မှ (၄) နှစ် သားငယ်/ သမီးငယ် (၄၈) ဦးမှ ကစားနည်း (၅) မျိုး ဖြစ်သည့် အာလူးကောက်၊ ပုတီးသီ၊ ဝက်အူလှည့်၊ အစားအစာ ယှဉ်တွဲ၊ အံသွင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကြီးအဆင့် အသက် (၄) နှစ်မှ (၅) နှစ် သားငယ်/ သမီးငယ် (၁၀၂) ဦးမှ ကစားနည်း (၈) မျိုးဖြစ်သည့် အာလူးကောက်၊ နို့ဆီဘူးဆင့်၊ ဝက်အူလှည့်၊ ABC ယှဉ်တွဲ၊ ဖားရုပ်ခေါက်၊ ပန်းပွင့်အရေအတွက် ကပ်ခြင်း၊ ဖရဲသီးပုံဆက်၊ အံသွင်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသော သားငယ်/သမီးငယ်(၁၅၀)ဦးတို့အား တက်ရောက် လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် မိဘဆရာအသင်းအဖွဲ့ဝင်များ၊ မူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်ကြီးများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။ အခမ်းအနားကို နံနက်(၁၁း၃၀) နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
















