ပဲခူးတိုင်းဒေသကြီး၊ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ (ကမ္ဘာ့ကလေးများနေ့) အထိမ်းအမှတ် အခမ်းအနားကို (၂၁.၁၁.၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှစ်ပတ်လည်နေ့ အကြိုလှုပ်ရှား မှု အားကစားပြိုင်ပွဲတွင် ဆုရရှိသော ကလေးငယ်များ၊ ကလေးမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးအနေဖြင့် (၁၅.၁၁.၂၀၂၂)ရက်နေ့တွင် ပဲခူးခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်း (၄) ကျောင်းမှ ကလေးငယ်များဖြင့် UNCRC Day အကြိုလှုပ်ရှားမှု ကာယ၊ ဉာဏပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဉာဏပြိုင်ပွဲ(၃)ခုနှင့် ကာယ ပြိုင်ပွဲ(၂)ခုတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသောကလေးများအား ဆုချီးမြှင့်ရန် ရွေးချယ်ခဲ့ပြီး အခမ်းအနားတွင် ဆုရကလေးငယ်များနှင့် ပါဝင်ဖျော်ဖြေသည့် ရင်သွေးငယ်များအား ပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေသားဆုနှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

Naypyitaw State Academy (NSA) ၊ အင်္ဂလိပ်စာဌာနမှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ကျောင်းသား/သူ (၃)ဦးတို့သည် လူမှုဝန်ထမ်းဦးစီးဌာနတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship Program) ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုအဆင့်မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံမှုပေးထားသည့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

MOS

DSW

DDM

DOR