လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနသည် ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ ကို ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲခြင်းကို Focal အဖြစ်တာဝန်ယူ၍ ဆက်စပ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ နှင့် ပေါင်းစပ်ညှိနှိုင်းရေးဆွဲလျက်ရှိပြီး အဆိုပါပြည့်တန်ဆာဆိုင်ရာဥပဒေ(မူကြမ်း) အပေါ်ညှိနှိုင်း ဆွေးနွေးမှုအား   ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှကိုယ်စားလှယ်(၂)ဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ ကိုယ်စား လှယ်(၂)ဦး၊ ပြည့်သူ့ကျန်းမားရေးဦးစီးဌာနမှ ကိုယ်စားလှယ်(၃)ဦး၊ ပြည်လည်ထူထောင်ရေးဦးစီး ဌာနမှ ကိုယ်စားလှယ်(၁)ဦး နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ(၅)ဦးတို့ တက်ရောက် ဆွေး နွေးခဲ့ကြပါသည်။ 

ပြည့်တန်ဆာဥပဒေ(မူကြမ်း)ပါ အခန်း(၉)ခန်းနှင့် ပုဒ်မ (၄၀)ခုတို့အား ပုဒ်မတစ်ခုခြင်းစီ အလိုက် အသေးစိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဆွေးနွေးချက်များအရ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR