(၂.၈.၂၀၂၂)ရက်နေ့တွင် အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်ကို စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ ၊ အ.ထ.က(၂)ကျောင်း သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက “ကြိုတင်ကာကွယ် သဘာဝဘေးအန္တရယ်” နှင့် “မိုင်းအန္တရယ် အသိပညာပေးခြင်း” များကိုပြောကြားပြီး၊  စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက “လူကုန်ကူးမှုပပျောက်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းပေး” နှင့် “မူးယစ်အန္တရယ် လူ့ရန်စွယ်”  အသိပညာများကို ရှင်းလင်းပြောကြားပြီး၊ ဌာနစိတ်မှူးက “ကလေး သူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” အသိပညာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR