မွန်ပြည်နယ်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို (၂၈.၁၁.၂၀၂၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖွင့်အမှာ စကားပြောကြားပြီး မော်လမြိုင်မြို့၊ အားကစားနှင့်ကာယသိပ္ပံကျောင်းမှ ကျောင်းသူလေးများက "အားကစားသိပ္ပံ ညီနောင်များ" တေးသီချင်းကို Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ပြီး၊ နွေးထွေးသောရင်ခွင်ကိုယ့်အားကိုယ်ကိုး လူမှုရေးအဖွဲ့မှ အဖွဲ့ဝင်များက "နွံနစ်ပန်း" ပြဇာတ်ဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို နံနက် (၀၉:၅၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနား အပြီးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ခန်းမတွင်း ခင်းကျင်းပြသထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်မြို့) နှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှု ပေးသည့်စင်တာ (OSWSC)မှ အမျိုးသမီးငယ် များ၏ ထုတ်ကုန်များပြသထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အမျိုးသမီးကော်မတီ ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော ပြည်တွင်း/ပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းသူများ၊ မော်လမြိုင်လူငယ်သင်တန်း ကျောင်းမှ ကျောင်းသားများ စုစုပေါင်း အင်အား(၂၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR