(၁၈.၅.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားသော ကလေးများအား ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် လေ့ကျင့်ရေးအစီအစဉ်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းကျောင်းများတွင်ပြုစုစောင့်ရှောက်ထားသော ကလေးများကို ရပ်ရွာလူထုအတွင်း အဆင်ပြေပြေ ပြန်လည်ဝင်ဆံ့ပေါင်းစည်း နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်များကိုဖေါ်ထုတ်ပြီး အချိန်ကာလတစ်ခုသတ်မှတ်၍ စနစ်တကျ လေ့ကျင့်ပေးရေး အစီအစဉ်တစ်ရပ်ချမှတ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် သင်တန်းကျောင်းမှ ကလေးများအား ရပ်ရွာလူထုအတွင်း အဆင်ပြေပြေ ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှုးကပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်ဒေသကြီးလူမှုဝန်ထမ်းရုံးမှ တိုင်းဒေသကြီးဦးစီးမှုးနှင့် တာဝန်ရှိသူများ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ ဦးစီးမှူးများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ လူမှုရေးပညာရှင်များ၊ မိသားစုရှာဖွေပေါင်းစည်းခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်း အတွေ့အကြုံရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြင်ပရပ်တည်တော့မည့် သင်တန်းကျောင်းများမှ ကလေးများအား Preparation Stage, Supervised Independent Living Stage, Group Home Stage, Reintegration Stage များဖြင့် အချိန်ကာလသတ်မှတ် လေ့ကျင့်ပေးရန်ဖြစ်ပြီး ကလေးများ၏လိုအပ်ချက်များ၊ လေ့ကျင့်ပေးမည့်အစီအစဉ်များ၊ ကြီးကြပ်သူများအတွက် နည်းပညာပံ့ပိုးမှုများ၊ ကလေးများဘဝရပ်တည်ရေးတွင် အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ဝန်ဆောင်မှုရနိုင်မည့်နေရာများကို ဖော်ထုတ်ရေးဆွဲကြရန်ဆုံးဖြတ်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား

MOS

DSW

DDM

DOR