လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီး၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ရေးဆွဲအကောင်အထည်ဖော်ရာ၌ အထောက်အကူပြုနိုင်ရေးအတွက် NSPAW Focal Person များနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်အစည်းအဝေးတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာဦးစီးဌာန (၄၃) ခုမှ NSPAW Focal Person (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

    လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခုအစည်းအဝေးသည် NSPAW Phase II ရေးဆွဲရေးအတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက NSPAW Phase II ရေးဆွဲရေးအတွက်လိုအပ်သည့် အချက်အလက်များ၊ inputs များ ပံ့ပိုးပေးစေလိုပါကြောင်း၊ အဆိုပါ inputs များအပေါ် မူတည်၍ NSPAW Phase II ၏ Framework ကို သတ်မှတ်သွားမည်ဖြစ်ပါကြောင်း၊ NSPAW Phase II ရေးဆွဲရေးအတွက် ဦးဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ NSPAW ၏ သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံကြီးက ချမှတ်ခဲ့သည့် လုပ်ငန်းစဉ် (၂) ရပ် အရ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခြင်းနှင့် မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် NSPAW Mapping အားဆောင်ရွက်၍ နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်းပြီး နှစ်အလိုက်လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် NSPAW Review အား ဆောင်ရွက်ပြီး ၎င်းမှရရှိသည့် အားနည်းချက်၊ အားသာချက်များအား NSPAW Phase II တွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ NSPAW Phase II ရေးဆွဲရာတွင် indicators များ၊ မျှော်မှန်း ရလဒ်များထည့်သွင်းရေးဆွဲပြီး ကျား၊ မ ခွဲခြားထားတဲ့ စာရင်းအင်းအချက်အလက် (Sex - disaggregated data) များ ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးကို ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားခြင်း၊ ညွှန်ကြားရေးမှူးက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်မှုဆိုင်ရာ အားသာချက်၊ အားနည်းချက်များအား လေ့လာသုံးသပ်မှု အစီရင်ခံစာနှင့် NSPAW Phase II ရေးဆွဲရေး လုပ်ငန်းစီမံချက်ကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဆောင်ရွက်နေမှုများ၊ မျှော်မှန်းရလဒ်များအား တင်ပြဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

MOS

DSW

DDM

DOR