“ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၁)” သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

                           သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ယခုဖွင့်လှစ်ခဲ့တဲ့သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ “ဒုတိယအကြိမ် ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍရေးလုပ်ထုံးနည်းကျွမ်းကျင်မှုသင်တန်း” ဖြစ်ပါကြောင်း၊ သင်တန်းကို (၅-၇-၂၀၂၁)ရက်နေ့မှ (၂၂-၇-၂၀၂၁)ရက်နေ့ထိ (၃)ပါတ်ကြာ ဖွင့်လှစ်ရန် စီစဉ် ထားခဲ့ သော်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ကူးစက်မြန်ရောဂါ Covid-19 ရောဂါ အခြေအနေကြောင့် ယနေ့ ညနေတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့ရပါကြောင်း၊ သင်တန်းကာလ နည်းသည့်အတွက် ပို့ချသည့် သင်ခန်းစာများကို သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နှံ့နှံ့စပ်စပ် သိရှိနိုင်မည် မဟုတ်သော် လည်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်စည်းကမ်းများကို သိရှိရမည် ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ပေးခဲ့သည့် အသိပညာ၊ ဗဟုသုတများကို စာတွေ့၊ လက်တွေ့ အသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ကိုယ်တိုင် မသိသေးသည့် အကြောင်းအရာများကို အရာထမ်းများနှင့် အချင်းချင်း မေးမြန်းခြင်း၊ လေ့လာခြင်း အားဖြင့် ပိုမိုသိရှိလာနိုင်မှာ ဖြစ်ပါကြောင်း၊ “တတ်သိပညာ မလေ့လာ၊ မကြာမရှည် ပျောက်တက်သည်” ဆိုသည့် ဆိုရိုးစကားအတိုင်း အသိပညာ၊ ဗဟုသုတများကို တိုးပွားသည့်ထက် တိုးပွားအောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ များ၏ အရည်အချင်းဆန်းစစ်ခြင်းစာမေးပွဲကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုများကို ချီးမြှင့် ပေးသွားမည့်အပြင် ဦးစီးဌာနတွင် မှတ်တမ်းတင်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသူများကို ဂုဏ်ယူ ပါကြောင်းနှင့် ဆုမရရှိသူများအနေဖြင့်    အားမငယ်ဘဲ     ပေးအပ်တဲ့ တာဝန်ဝတ္တရားများကို ယခင်ကထက် ပိုမိုတာဝန်ကျေပွန်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ သင်တန်းကို အခက်အခဲများ၊ ကန့်သတ်ချက်များကြားထဲက အောင်မြင်အောင် ဖွင့်လှစ်နိုင်ရန် အဘက်ဘက်က ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကို အချိန်ပြည့် တက်ရောက်ခဲ့တဲ့ သင်တန်းသား၊ သင်တန်းသူများကို ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများနှင့် ဝန်ထမ်းများအားလုံး “ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်” များကို လိုက်နာခြင်းဖြင့် မိမိကိုယ်တိုင်နှင့်ပတ်ဝန်းကျင်အတွက်ပါ အကျိုးကျေးဇူး ရှိမည့် အရာများကို ဆောင်ရွက်နိုင်တဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်းပြောကြားခဲ့ပါသည်။

                              သင်တန်းဆင်းပွဲအစီအစဉ်အရ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းသား ကိုယ်စားလှယ် တစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

          သင်တန်းဆင်းပွဲသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် ဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR