လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနနှင့် International Justice Mission (IJM) တို့ပူးပေါင်း၍ "Trauma Informed Care" သင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် Online Training အဖြစ် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးခံရသူများအား ပြန်လည် ထူထောင်ပေးရာ၌ လူ့အသိုက်အဝန်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအနေဖြင့် စိတ်ပိုင်း ဆိုင်ရာ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားလုံးအကျုံးဝင် ပါကြောင်း၊ လူကုန်ကူးခံရသူများသည် ဘဝရပ်တည်မှု အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည့် အခြေအနေများကြောင့် စိတ်ဒဏ်ရာများ ရှိနေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းတို့အား စောင့်ရှောက်မှု ပေးရာတွင် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုသည် အရေးပါသည့်အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ၎င်းတို့၏ စိတ်ဒဏ်ရာများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိနေနိုင်ပါကြောင်း၊ ယနေ့ကျင်းပသည့်သင်တန်းသည် လူကုန်ကူးခံရသူများအတွက် အကောင်းဆုံးအကျိုးစီးပွား ဖြစ်ထွန်းစေရန်၊ လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်နေသည့် ဝန်ဆောင်မှုပေးနေသူများအတွက် လူကုန်ကူးခံရသူ များ၏ စိတ်ဒဏ်ရာများကို ပိုမိုသိရှိနားလည်ပြီး စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများရှိစေရေး ပိုမိုကောင်းမွန်‌ သောဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် သင်တန်းသား/ သူများအနေဖြင့် သင်တန်းမှရရှိသည့် သင်ခန်းစာများကို မိမိတို့၏ လက်တွေ့ လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် International Justice Mission မှ Regional Vice President ဖြစ်သူ Mr. Andrey Sawchenko က International Justice Mission(IJM) ၏ နောက်ခံသမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုကို မိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာန၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၁.၁၂.၂၀၂၀)ရက်နေ့မှ (၂၃.၁၂.၂၀၂၀) ရက်နေ့အထိ (၃)ရက်တာ ကျင်းပမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ
မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

MOS

DSW

DDM

DOR