မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄)ကို (၈-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏အခွင့်အရေး များဆိုင်ရာလုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ် စီမံကိန်း(၂၀၂၂-၂၀၂၇)ကို သက်ဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌများဦးဆောင်၍ လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲခဲ့ပြီး (၁၅-၂-၂၀၂၄) ရက်နေ့တွင် အတည်ပြုဖြန့်ချိထားရှိပြီးဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အမှန်တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သက်ဆိုင်ရာဆပ်ကော်မတီအလိုက် အကဲဖြတ်သုံးသပ်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းလုပ်ငန်းအား အသေးစိတ်စိစစ်နိုင်ရေးအတွက် SOP (မူကြမ်း) ရေးဆွဲနိုင်ရေး Task Force အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများဆိုင်ရာအချက်လက်များ တိကျမှန်ကန်မှု ရှိစေရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ်(၁၈)ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ စီမံကိန်းနယ်မြေ(၆)ခုတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်း ကလေးသူငယ်များအတွက် ပုဂ္ဂလိကအထူးပညာသင်ကျောင်း/ဌာန(၂၉)ကျောင်းအား တည်ထောင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး အဆိုပါကျောင်းများမှာ မသန်စွမ်းကလေးငယ်များအတွက် ဘက်စုံဖွံ့ဖြိုး တိုးတက်မှုများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်၊ အတွင်းရေးမှူး(၁) ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ ဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR