လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်တွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ဒေါက်တာသက်သက်ခိုင် က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုရေးဆိုင်ရာအသိပညာ နှင့် စပ်လျဉ်းသည့် အဓိကသဘောတရားနှင့် အယူအဆဆိုင်ရာဗဟုသုတတို့ကို သိရှိနားလည်ပြီး လက်ရှိကြုံတွေ့နေရသော လူမှုရေးအခက်အခဲ၊ ပြဿနာတို့ကို ဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ် ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း၏ ခံယူချက်ပိုမိုကောင်းမွန်လာပြီး ဝန်ထမ်းများအကြား ထိရောက်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ပါက အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှု အရည်အသွေး မြင့်မားတိုးတက်လာပြီး လုပ်ငန်းဆောင်ရွက်မှုတို့ကို ပိုမိုအောင်မြင်နိုင်စေရေးအတွက် အထောက် အကူဖြစ်စေပါကြောင်း၊ လူမှုရေးကဏ္ဍသည် အလွန်အရေးကြီးသလို နက်နဲခက်ခဲတာကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူမှုရေးကိစ္စတွေကို ဆောင်ရွက်နေသူများသည် လူမှုရေးဆိုင်ရာနည်း ပညာရပ်များကို ကျွမ်းကျင်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးရှိရန် လိုအပ်သည့်အပြင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းအပေါ်တွင်လည်း မေတ္တာအရင်းခံပြီး သစ္စာရှိရှိ  ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ရသည့်အတွက် လူမှုရေး နယ်ပယ်အတွင်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုသည့်အခါတွင် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် စည်းကမ်းတို့ကို သိရှိနားလည်ရန် လိုအပ်ကြောင်း၊ လူမှုရေးပညာရပ်၏ အဓိက အနှစ်သာရဖြစ်သည့် လူမှုဝန်ထမ်းသမားတစ်ဦးအနေဖြင့် မိမိကိုယ်တိုင် ခံယူချက်တို့ကို ပြောင်းလဲနိုင်မှသာ မိမိတို့ဝန်ဆောင်မှုပေးရသူ (Client) အတွက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ဆောင်မှုကောင်းတို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့်သင်တန်းနှင့်  ဆက် စပ်ပြီး စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ကို( (၇.၇.၂၀၂၃) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနက သင်တန်းတက်ရောက်မည့် ဝန်ထမ်းများအနေဖြင့် ယခုသင်တန်းမှ လေ့လာသိရှိရသည့် အသိပညာ၊ အတတ်ပညာများကို လူမှုဝန်ထမ်းသမားတို့၏ အလေ့အထကောင်းများဖြစ်သော စေတနာ၊ ဝါသနာ၊ ဂရုဏာ၊ အနစ်နာ၊ အကြင်နာ စသည့် နာ(၅)နာနှင့် ပေါင်းစပ်ပြီး ပြည်သူလူထုအတွက် ဝန်ဆောင်မှုပေးနိုင်ရန်အပြင် ဝန်ထမ်းအချင်း ချင်း ပိုမိုချစ်ခင်ရင်းနှီးစွာ လက်တွဲ၍ အားလုံးအတွက် သာယာပျော်ရွင်ဖွယ်ကောင်းသည့် လုပ်ငန်း ခွင်ကို ဖန်တီးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားခဲ့ပါသည်။

လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးသင်တန်းတွင် လူမှုရေးဆိုင်ရာတန်ဖိုးနှင့်စံနှုန်းများ၊ လူမှုရေးဆိုင်ရာကျင့်ဝတ်တရား၊ ကျား/မတန်းတူညီမျှရေးဆိုင်ရာ လူမှုရေးစံနှုန်းများ၊ လူ့တန်ဖိုး၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းမျဉ်းများ၊ ထိရောက်သောပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်းသည့် သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ ၅.၇.၂၀၂၃ ရက်နေ့မှ ၆.၇.၂၀၂၃ ရက်နေ့အထိ (၂)ရက်တာ ပို့ချသွားမည် ဖြစ်‌ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR