ပဲခူးတိုင်း‌‌ဒေသကြီး၊ ပြည်မြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၃) သင်တန်းဖွင့်ပွဲ  အခမ်းအနားအား(၈.၁၂.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။ 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဌာနခွဲမှ ညွှန်ကြားရေးမှူးဦးကျော်စွာက ယနေ့ကမ္ဘာတစ်ဝန်း၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ထုတ်လုပ်မှု၊သယ်ဆောင်မှုရောင်းဝယ်မှု မူးယစ်ဆေးဝါး ပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည်တို့ကို ထိခိုက် ပျက်စီးစေနိုင်ကြောင်း၊နိုင်ငံတိုင်းမှာလည်း မူးယစ်ဆေးဝါးပြဿနာကိုထိန်းချုပ်နိုင်ရန်ကြိုးစားလျက် ရှိပါကြောင်း၊မူးယစ်ဆေးဝါးကင်းစင်သည့် ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက်ပူးပေါင်းဆောင်ရွက် စေဖို့ တိုက်တွန်းထားတဲ့နေ့တစ်နေ့ဖြစ်သည့်  ဇွန်လ(၂၆)ရက်နေ့သည် " အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့'' ဖြစ်ပါကြောင်း၊ အဆိုပါနေ့တွင် မူးယစ် ဆေးဝါးအန္တရာယ်ကြီးမားပုံကိုတစ်ကမ္ဘာလုံးရှိ ပြည်သူများကောင်းစွာသိရှိပြီး မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် ဂရုပြု ပါဝင်လာစေရန်အတွက် နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားများအား နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေး စခန်း(ဝက်ထီးကန်)အနေဖြင့် ယခုလို သင်တန်းဖွင့်လှစ်ရခြင်းကြောင့်  လူငယ်များအနေဖြင့် မိမိတို့ အပေါ်နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိ နားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုမည်သို့ ကာကွယ်တိုက်ဖျက်ရမည်ကို သိရှိရုံ သာမက သတိပြုနားလည်နိုင်ရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သည့် လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ် ပြန်လည်ခေါ်ဆောင်ရမည်ကို သဘောပေါက်စေရန်အတွက် ယခုလို စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် စိတ်ကျရောဂါဖြစ်ခြင်း၊ အထင်မှားအမြင်မှားရှိခြင်း၊ အာရုံကြောများ ထိခိုက်ခြင်း၊ ထုံနာကျင်နာဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ စာရိတ္တပျက်စီးခြင်းတို့ကြောင့် ပတ်ဝန်းကျင်က ရှောင်ကြဉ်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း၊ မိသားစုစိတ်သောကရောက်ခြင်းတို့ကို ကြုံတွေ့ရနိုင် ပါကြောင်း၊ တစ်မျိုးသားလုံးကို လူညွှန့်တုံးစေတဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီး ကာကွယ်ရန်မှာ ပြည်သူတစ်ရပ်လုံး၏ တာဝန်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်ရေးသည် တစ်နိုင်ငံလုံး၏ အရေးသာမက ကမ္ဘာ့လူသားအားလုံး၏ အရေးသာဖြစ်ပြီး ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း  သို့မှသာ လူသားများ၏ဘ၀ သစ်လွင်၍ တိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း( မြန်မာ ) ဗဟိုဥက္က ဦးစံရှိန်မှ မူးယစ်ဆေးစွဲလူငယ်များတွင် မူးယစ်ဆေးပြန်လည်သုံးစွဲရသည့် အကြောင်းတရားများ၊ မူးယစ်ဆေးဖြတ်ပြီးသည့် သင်တန်းဆင်းသင်တန်းသားများအတွက် တစ်နှစ်အတွင်းဆောင်ရွက်မည့် နောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင် ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာ၊  အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း ဒုတိယကျောင်းအုပ်ကြီး၊ ရဲမှူးကြီးထွန်းဖေ၊ ပြည်မြို့ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်မြို့ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန မွေးမြူရေးဦးစီးဌာန၊မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္က၊ခရိုင်အဆင့်၊ မြို့နယ်အဆင့်အရာထမ်း/အမှုထမ်းများ၊သင်တန်းသားများ၊စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို သင်တန်းသား(၂၀)ဦးဖြင့် ရက်ပေါင်း(၉၀)ကြာဖွင့်လှစ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR