မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများ ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Online Meeting ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းဇော်က မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေ တည်ထောင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေနှင့်နည်းပဒေပြဋ္ဌာန်းချက်များ၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းထားရှိမှု၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာရန်ပုံငွေကို အရင်းမပျောက်မတည်ငွေအဖြစ် နိုင်ငံတော်မှခွင့်ပြုပေးထားခြင်း ၊ရန်ပုံငွေကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်သွားနိုင်ရေး၊ မသန်စွမ်းသူမိသားစုများအား ချေးငွေထုတ်ချေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စလျှင်စချင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယခုညှိနှိုင်းအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။


  ထို့နောက် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုမောင်က မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေနှင့်စပ်လျဉ်း၍ ချေးငွေအဖြစ် ထုတ်ချေး ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့အောင်မြင်နိုင်မည့်နည်းလမ်းများအား အကြံပြု ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းမှ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် တက်ရောက်လာသူအသင်းဝင်များကပါဝင် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေး လုပ်ငန်းများကူညီရေးအသင်းမှ တာဝန်ရှိသူများနှင့် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေး

MOS

DSW

DDM

DOR