လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ ယနေ့ (၂၄-၇-၂၀၂၃) ရက်၊ တနင်္လာနေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးသင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်က ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် ဆေးဖြတ်ကုသမှုခံယူပြီး ပြန် လည်ထူထောင်မှုခံယူ၍ လူမှု့အသိုင်းအဝိုင်း၌ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရန် လိုအပ်လျက်ရှိကြောင်း၊ မိမိအကျိုး၊ အများအကျိုး ဆောင်ရွက်နိုင်သော မူးယစ်ဆေးဝါးကင်းစင်သည့် လူကောင်းတစ်ယောက် ဖြစ်လာစေရန်အတွက် စေတနာ့ဝန်ထမ်းများ၏ နောက်ဆက်တွဲစောင့်ရှောက်ရေး အခန်းကဏ္ဍမှာ အရေးကြီးပါကြောင်း၊ နောက်ဆက်တွဲ စောင့်ရှောက်မှု လုံလောက်ကောင်းမွန်မှသာ ပြီးပြည့်စုံသော ပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြစ်လာနိုင်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် ပြန်လည်ထူ ထောင်မှုခံယူပြီးသူများကို အချိန်ကာလ(၁)နှစ် နောက်ဆက်တွဲ စောင့်ရှောက်မှုပေးရန် လိုအပ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် ၂၀၁၈ခုနှစ်မှ ၂၀၂၃ခုနှစ်အတွင်း စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးသင်တန်း အနေဖြင့် (၅)ကြိမ်၊ သင်တန်းသား(၁၀၀)ဦးအား လေ့ကျင့်ပျိုးထောင် ခဲ့ပါကြောင်း၊ စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်း အနေဖြင့် (၅)ကြိမ်၊ သင်တန်းသား(၁၀၀)ဦးအား  ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ နောက်ဆက်တွဲ စောင့်ရှောက်မှုပေးရာတွင် ပြန်လည်ထူထောင်‌ရေးဦးစီးဌာန၏  ဦးဆောင်မှုဖြင့် စေတနာ့ 

-၂-

ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများနှင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်နိုင်ကြောင်း ၊ သင် တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သား၍ လိုက်နာသင်ယူသင့်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန် ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါ သည်။

ဖွင့်ပွဲအခမ်းအနားတွင်  ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖက်မိတ် ဖက်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများ၊ သင်တန်း သားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းအား သင်တန်းသား (၂၀)ဦးဖြင့်   (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  ဖွင့်ပွဲ အခမ်းအနားအား နံနက်(၁၀:၂၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR