ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူ ထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည် မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၉--၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

              သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ၂၀၁၈ခုနှစ်တွင် စတင်တည်ထောင် ခဲ့ပြီး လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ်(၅)ရပ်အနက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းတစ်ခုဖြစ်သော မူးယစ်ဆေးသုံးစွဲပြီး ပြန်လည်ထူထောင်မှုခံယူရန် လိုအပ် သည့်လူငယ်များအတွက် လေ့ကျင့်သင်ကြားပေးမည့်ပြန်လည်ထူထောင်မှုဆိုင်ရာလုပ်ငန်း ဘာသာ ရပ်များအား အရာထမ်း၊ အမှုထမ်းများအနေနဲ့ နားလည်တတ်ကျွမ်းထားဖို့ မဖြစ်မနေလိုအပ်ပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၄၀)ကြိမ်၊ သင်တန်းသား(၈၄၂)ဦး၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (၁၈)ကြိမ်၊ သင်တန်းသား (၅၉၀)ဦးကို ပြန်လည် ထူထောင်မှုပေးနိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၂၆)ကြိမ်၊ သင်တန်း သား(၆၄၅)ဦးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဦးစီးဌာနရှိ ဝန်ထမ်း များအတွက် သင်တန်း(၃)ကြိမ်၊ သင်တန်းသား (၈၈)ဦး လေ့ကျင့်သင်ကြားပေး နိုင်ခဲ့ပါကြောင်း၊ ဦးစီးဌာနတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(၁၄)ခု ဖွင့်လှစ်ထားရှိပြီး စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း၊ ရပ်ရွာအခြေပြုပြန်လည်ထူ ထောင်ရေးသင်တန်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်ကာ စိတ်ပိုင်း ဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အလုပ်ပေးကုထုံး၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးခြင်းနှင့် ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးနဲ့ နောက်ဆက်တွဲ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေတဲ့ ဝန်ထမ်းများအဖြစ် တာဝန်အသီးသီး ထမ်းဆောင် လျက်ရှိတာကြောင့် ယခုလို စွမ်းရည်မြှင့်သင်တန်းတက်ရောက်ပြီး လေ့လာသင်ယူလေ့ကျင့်ဖို့ လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လေလွင့်ဆုံးရှုံးနေရတဲ့လူသားအရင်းအမြစ်စွမ်း အားများကို နိုင်ငံအတွက် စွမ်းရည်စုများအဖြစ် ဆောင်ရွက်ပေးနိုင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ နိုင်ငံအတွင်း မူးယစ်ဆေးသုံးစွဲမှု လျော့နည်းစေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းကျွမ်း ကျင်ပိုင်နိုင်စွာ ဆောင်ရွက်ပေးနိုင်ဖို့ ဝန်ထမ်းများကို ယခုလို စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ပေးရ ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း  ယခုသင်တန်းမှ သင်ကြားပေးလိုက်သောဘာသာ ရပ်များမှာ မိမိတို့ရဲ့လုပ်ငန်းခွင်မှာ လက်တွေ့ဆောင်ရွက်နေသောလုပ်ငန်းများ ဖြစ်သည့်အတွက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သော ဘာသာရပ်များကို  ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားမှသာ မိမိတို့နိုင်ငံရဲ့အကျိုးကို တစ်ထောင့် တစ်နေရာမှ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနဲ့လည်း နည်းလမ်းအမျိုးမျိုးကဏ္ဍအဖုံဖုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား/ သူများအနေဖြင့် နောင်အနာဂတ်တွင် မိမိတို့ဌာနမှ အားထားရ သော ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ ယခုသင်တန်းမှ လေ့လာဆည်း ပူးရရှိခဲ့သည့် နည်းပညာနှင့် ဗဟုသုတများကို မိမိရဲ့ လက်တွေ့လုပ်ငန်းနယ်ပယ်မှာ ထိထိရောက် ရောက်အသုံးချဖို့ဖြစ်ပါကြောင်း၊ ဒါ့အပြင် Self Learning ပြုလုပ်ပြီး ဘာသာရပ်များ အလိုက် မိမိတို့ အရည်အသွေးကို မိမိတို့ကိုယ်တိုင်မြှင့်တင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အရာထမ်း၊ အမှုထမ်း များအနေဖြင့် သင်တန်းမှ ပို့ချမည့် သင်ခန်းစာများကို အလေးထား လေ့လာသင်ယူကြရန်နှင့် တက်ကြွစွာပါဝင်ဆွေးနွေးခြင်းအားဖြင့် မိမိတို့လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းများအဖြစ် ပြန်လည်အသုံးချ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါ သည်။

              ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခဲ့ပါသည်။

              ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးသင်တန်းဆင်းပြီး နောက်ဆက်တွဲစောင့်ရှောက်မှု ပေးမည့် သင်တန်းသား(၂၀)ဦးအား ထောက်ပံ့ကြေးငွေကျပ်(၁,၂၀၀,၀၀၀/-)ကို မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်မှ ပေးအပ်ခဲ့ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းအဖွဲ့(၁)ဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်း (၃)ဖွဲ့တို့ကို ထောက်ပံ့ကြေးငွေကျပ်(၁,၀၀၀,၀၀၀/-)တို့အားအသီးသီးပေးအပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းအား(၂၉-၁-၂၀၂၄)ရက်နေ့မှ (၂-၂-၂၀၂၄)ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဖက်မိတ် ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူများ စုစုပေါင်း(၆၀)ဦး ခန့်တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။  

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR