လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မြစ်ကြီးနား)မှ ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားအုပ်စု၊ လဝမ်ကထောင်ကျေးရွာ၊ ဂါလိလဲအိုင်လူငယ်ပြုစု ပျိုးထောင်ရေးလူမှုအသင်း သင်တန်းကျောင်းတွင် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားအား နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း က မူးယစ်ဆေးဝါးပြဿနာကို တစ်ကမ္ဘာလုံးရင်ဆိုင်နေရပြီး လူသားအရင်းအမြစ်အား ထိခိုက်စေသည့်အပြင် လူငယ်များသည် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေသည်ကို သိရှိရပါ ကြောင်း၊ မူးယစ်ဆေးဝါးကို သုံးစွဲမိပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးစသည်ကို ထိခိုက်နိုင်ပြီး မူးယစ်ဆေးစွဲသူ၊ မိသားစုနှင့် ပတ်ဝန်းကျင်တွင် နစ်နာမှုများ ကြုံတွေ့နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် မူးယစ်ဆေးဖြတ်ကုသပြီးနောက် ဘဝရပ်တည် နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးစခန်းများဖွင့်လှစ်ပြီး  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြင့် ဆက်စပ် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးအဖွဲ့ကို အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ပပျောက်ရေးဆိုင်ရာ နည်းဗျူဟာ(၃)ရပ်အနက်မှ “သုံးစွဲမှု လျှော့ချရေးဆိုင်ရာနည်းဗျူဟာ”ကို အကောင်အထည်ဖော်ဆောင်ရာ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ပြန်လည်ထူထောင်ရေးစခန်းများ ဖွင့်လှစ်၍ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများအား ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကင်းစင်သည့် ဒေသဖြစ်လာစေရန် မူးယစ် ဆေးဝါးသုံးစွဲသူ လျှော့ချရေးအတွက် ဆက်စပ်ဌာနများ၊ ဒေသအတွင်း လူမှုရေး၊ ဘာသာရေး အဖွဲ့ အစည်းများနှင့် ရပ်ရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)မှ စခန်းမန်နေဂျာက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။  

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့်သင်တန်းသားများ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ပါ သည်။ အဆိုပါသင်တန်းကို (၁၇.၇.၂၀၂၃)ရက်နေ့မှ (၂၅.၈.၂၀၂၃)ရက်နေ့အထိ သင်တန်းသား (၃၀)ဦးဖြင့် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၁:၃၀)အချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်း ရရှိပါသည်။ 


နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR