မသန်စွမ်းသူများ၏ ကိုဗစ်-၁၉ ဆိုင်ရာ အခြေအနေ (Status of Persons with Disabilities) နှင့် စပ်လျဉ်း၍ Humanity and Inclusion မှ ဆွေးနွေးရှင်းလင်းခြင်းကို Virtual Meeting ဖြင့် ယနေ့ နံနက်တွင် ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့၊ Humanity and Inclusion မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ Humanity and Inclusion မှ ကချင်ပြည်နယ်နှင့် အရှေ့တောင်ပိုင်းရှိ သံတောင်ကြီး၊ ကျောက်ကြီးနှင့် ကော့ကရိတ် တို့တွင် မသန်စွမ်းသူများ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်မှု၊ ကိုဗစ်-၁၉ အကျိုး သက်ရောက်မှုခံစားရသည့် မသန်စွမ်းသူများ၏ အခြေခံလိုအပ်ချက်များ သိရှိနိုင်ရန်၊ ကိုဗစ်-၁၉ တုံ့ပြန်ရေးဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများအနေဖြင့် ရှေ့ဆက်လုပ်ဆောင် ရမည့် အရေးကိစ္စတို့ကို သိရှိနိုင်ရေးအတွက် ကောက်ယူခဲ့သည့် Status of Persons with Disabilities in COVID-19 စစ်တမ်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် Humanity and Inclusion တို့ ပူးပေါင်းဆောင်ရွက်သည့် မိုင်းအသိပညာပေးအစီအစဉ်များ၊ မသန်စွမ်းသူများ အတွက် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးနှင့် အထောက်အကူပြု ကိရိယာများ ပံ့ပိုးရေး လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များ၊ စိတ်-လူမှု နှစ်သိမ့် ဆွေးနွေးမှုအစီအစဉ်များ ပိုမိုကောင်းမွန်စွာ လက်တွဲဆောင်ရွက်ရေး၊ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေး
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR