ပဲခူးတိုင်း‌‌ဒေသကြီး၊ ပြည်မြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားအား (၂၉.၁.၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊   ပြန်လည်ထူထောင်ရေးဦးစီးဌာန၊  မူးယစ်ဌာနခွဲမှ   ညွှန်ကြားရေးမှူး    ဦးကျော်စွာက

ပြန်လည်ထူထောင်ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဦးစီးဌာန၏ လုပ်ငန်း တာဝန်(၅)ရပ်အနက်မှ တစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  တိုင်းဒေသကြီးနှင့်   ပြည်နယ်အသီးသီးတွင်   စခန်း ( ၁၅ )ခု   ဖွင့်လှစ်ထားရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း( ၄၀ )ကြိမ်၊ သင်တန်းသား(၈၄၂)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း( ၁၈ )ကြိမ်၊ သင်တန်းသား ( ၅၉၀ )ဦးအား ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း( ၂၆ )ကြိမ်၊ သင်တန်းသား ( ၆၄၅ ) ဦးနှင့်  မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် သင်တန်း(၃)ကြိမ်၊ သင်တန်း သား(၈၀)ဦးကို  လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်း‌ဆောင်ရွက်မည့်သူများအား  စည်းရုံးဖော်ထုတ်၍ ကျွမ်းကျင်မှု သင်တန်းပေးကာ မူးယစ်ဆေးဖြတ် ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းဆင်း သင်တန်းသားများအား  မိသားစု၊ ရပ်ရွာ၊ လူမှု အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့်အခါ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးများက အိမ်တိုင်ရာရောက် နောက်ဆက်တွဲစောင့်ရှောက်မှာဖြစ်သည့်အတွက် မူးယစ်ဆေး ဝါးပြန်လည်မသုံးစွဲစေရေး အထောက်အကူပြုစေမှာ ဖြစ်ပါကြောင်းနှင့်  စေတနာ့ဝန်ထမ်းမူးယစ် ကြီးကြပ်ရေးမှူးများ၏ နောက်ဆက်တွဲစောင့်ရှောက်ရေးကသည် အလွန်အရေးကြီးပါကြောင်း၊ မူးယစ်ဆေးသုံးစွဲသူများကို မူးယစ်နွံအတွင်းမှ ရုန်းထွက်နိုင်ရန် ပတ်ဝန်းကျင်ရပ်ရွာလူထုမှ ဝိုင်းဝန်း ကူညီပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါး၏ ထိန်းချုပ်ခံဘ၀မှ လွတ်မြောက်ပြီး မိမိရပ်ရွာ၊ လူမှုပတ်ဝန်းကျင်အတွင်း ပုံမှန်ပြန်လည်ဝင်ဆံ့နိုင်စေရန်၊ မိမိဘဝ မိမိရပ်တည်နိုင်စေရန်နှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပရဟိတအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်လာရန် လိုအပ်ပါကြောင်းနှင့် ယခု ကဲ့သို့ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ရှိ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ၏ သဘောသဘာဝကိုနားလည်ပြီး၊ စိတ်ပိုင်း ဆိုင်ရာ ခံယူချက်များကို ပြုပြင်ပြောင်းလဲလာစေရန် ယခုလိုသင်တန်း(၅)ရက်တာကာလအတွင်း သင်ကြားပေးသည့် သင်ခန်းစာများကို ဂရုတစိုက်ကြိုးစားသင်ယူလေ့လာကြရန် တိုက်တွန်း ပါကြောင်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းမှပို့ချသည့် သင်ခန်းစာများအား  လက်တွေ့အသုံးချပြီး ရပ်ရွာအတွင်းရှိ လူငယ်များအား မူးယစ်ဆေးဝါးဆိုးကျိုးနှင့် နောက်ဆက်တွဲ ရောဂါများအကြောင်း အသိပညာပေးနိုင်မှာဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းများ၏ လုပ်ဆောင် ချက်ကြောင့် မူးယစ်ဆေးစွဲသူများ လျော့နည်းလာနိုင်ပြီး နိုင်ငံတော်၏အကျိုးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍  အမှတ်(၃၇) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး မျိုးမင်းက မူးယစ်ဆေးဝါးထိန်းချုပ်ရေး လုပ်ငန်းစီမံချက်( Action Plan )ပါ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ Action Planပါ လုပ်ငန်းများအား ၂၀၂၀ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ (၅)နှစ်တာ စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်း များနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား  ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အမှတ်() ရဲလေ့ကျင့်ရေးကျောင်းမှ ရဲမှူး ၊ အမှတ်(၃၇)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူး ၊  ပြည်မြို့ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေး ဦးစီးဌာန၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာထမ်း/အမှုထမ်းများ၊ သင်တန်းသားများ စုစုပေါင်း (၉၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို သင်တန်းသား(၂၀)ဦး ဖြင့်  ရက်ပေါင်း(၅)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR