(၂၇.၅.၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်း က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအဖုံဖုံ ပူးပေါင်းဆောင် ရွက်လျှက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်ပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါ ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးခြင်းသည် ဆေးကုသမှုခံယူပြီးသူများအား ပြန်လည်ထူထောင်ရေးနှင့် နောက်ဆက်တွဲစောင့်ရှောက်မှု ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများအား မွမ်းမံသင်တန်းများဖွင့်လှစ်ပေး၍ အိမ်တိုင်ရာရောက် နောက် ဆက်တွဲစောင့်ရှောက်မှုပေးရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးပြန်လည်ထူထောင်မှုခံယူပြီးသူ များအား အနည်းဆုံး (၁)နှစ်ကာလအထိ နောက်ဆက်တွဲစောင့်ရှောက်မှုပေးရမည်ဖြစ်သည့်အတွက် ခေတ်ကာလနှင့်အညီ နောက်ဆက်တွဲစောင့်ရှောက်မှု မွမ်းမံသင်တန်းများဖွင့်လှစ်ပြီး စခန်းအခြေပြုမှ တဆင့် ရပ်ရွာအခြေပြုစနစ်သို့ ကူးပြောင်းဆောင်ရွက်လျှက်ရှိရာ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးများမွေးထုတ်၍ ပြန်လည်ထူထောင်မှုနည်းစနစ်များအား သင်ကြားပေးလျှက်ရှိပါကြောင်း၊ လုပ်ငန်းများပိုမိုကျယ်ပြန့်စွာ မြှင့်တင်ဆောင်ရွက်သွားကြရန်နှင့် မူးယစ်ကင်းစင်ရေးအတွက် အတူ လက်တွဲပူးပေါင်းကြိုးစားသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ တိုင်းဒေသ ကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ လူငယ်သင်တန်းကျောင်း (မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး အမှတ်(၁) မူးယစ်တပ်ဖွဲ့ခွဲမှ ရဲမှူး၊ မန္တလေးတိုင်းဒေသကြီး ကလေးသူငယ်ရဲတပ်ဖွဲ့မှ ရဲမှူး၊ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ မှ အတွင်းရေးမှူး၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး၊ အောင်မြေသာစံမြို့နယ် တရားရေးဦးစီးဌာနမှ ဒုတိယမြို့နယ်တရားသူကြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ပပျောက်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)ဥက္ကဋ္ဌ၊ မူးယစ် ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မှ စခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ ယာယီ လက်ခံစောင့်ရှောက်ရေးဂေဟာမှဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ အောင်မြေသာစံမြို့နယ်၊ လူမှုရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းသား(၂၀)ဦး၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၀:၄၅)နာရီအချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပ ဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR