၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၅) ရက်၊                                                       

                             “ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၁)”ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

                    ဖွင့်ပွဲအခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က ယခုဖွင့်လှစ်တဲ့ သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ “ဒုတိယအကြိမ် ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍရေးလုပ်ထုံးနည်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ” ဖြစ်ပါကြောင်း၊ ယခုလို အချိန်ကာလမှာ  COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေတဲ့ကာလဖြစ်တဲ့အတွက် သင်တန်း ဖွင့်လှစ်ခြင်း၊ သင်တန်းတက်ရောက်ရန် လာရောက်ကြတဲ့  တိုင်းဒေသကြီး/ပြည်နယ်တို့မှ သင်တန်း သား၊ သင်တန်းသူတွေအနေနဲ့ Covid နှင့်ပတ်သက်၍ Risk များပါကြောင်း၊ အခက်အခဲ၊ အကန့် အသတ်တွေကြားကနေ ယခုလို သင်တန်းဖြစ်မြောက်အောင် စီစဉ်ပေးတဲ့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူ အရာထမ်း၊အမှုထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ သင်တန်းသည် ဒုတိယအကြိမ် ဖွင့်လှစ်တဲ့သင်တန်းဖြစ်ပြီး ဦးစီးဌာနမှာတာဝန်ထမ်းဆောင်နေကြတဲ့ အမှုထမ်းများအားလုံးကို ရုံးလုပ်ငန်းများနှင့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိဆောင်ရွက် နိုင်စေရန်၊ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ အရည်အသွေးပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပထမအကြိမ် သင်တန်းဆင်းသွားတဲ့ သင်တန်းသား၊ သင်တန်းသူတွေအနေနဲ့ သင်တန်းကာလမှာ ပြင်ပဌာနများဖြစ်တဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက် ဦးစီးဌာနနဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာနက နည်းပြတွေရဲ့ ပို့ချမှုကိုသာမက ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ကိုယ်တိုင်အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုဆိုင်ရာသင်ခန်းစာများကို လာရောက် ပို့ချပေးသွားသည့်အတွက် လုပ်ငန်းခွင်အတွက် သာမက ဘဝအတွက်ပါ အကျိုးရှိတဲ့ သင်ခန်းစာတွေကို ရရှိခဲ့မယ်လို့ ယုံကြည်ပါကြောင်း၊ ပထမအကြိမ်သင်တန်းမှာ နေ့စဉ် အလှည့်ကျ သင်တန်းခေါင်းဆောင်ထားရှိခြင်း၊ နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာဓိဋ္ဌာန် ()ချက် ကိုရွတ်ဆိုခြင်း စသည်ဖြင့် အလေ့အကျင့်ကောင်း များကိုမွေးမြူပေးခြင်း၊ သင်တန်းဆင်းအရည်အချင်း ဆန်းစစ်ခြင်းစာမေးပွဲကိုကျင်းပပေးခဲ့ပြီး စာမေးပွဲရမှတ်အပြင် သင်တန်းတစ်လျှောက် တစ်ဦးချင်း ဆောင်ရွက်ချက် (Performance) အပေါ်မှာ မူတည်ပြီးတော့ ပထမဆု၊ ဒုတိယဆု နဲ့ တတိယဆုများကို ချီးမြှင့်ပေးခဲ့ပါကြောင်း၊ ထိရောက်အောင်မြင်တဲ့ သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် သင်တန်းကို တက်ရောက်တဲ့ သင်တန်းသား၊ သင်တန်းသူတွေ အနေနဲ့  ယခုလို သင်တန်း တက်ရောက် ရခြင်း အခွင့်အရေးကို အကောင်းဆုံး ကြိုးစားကြစေလိုပါကြောင်း၊  ယခုလို သင်တန်းတက်ရောက်ခွင့် ရခဲ့တဲ့အတွက် အသိပညာ၊ ဗဟုသုတတွေ တိုးပွားလာခြင်းသည် သင်တန်းသား၊ သင်တန်းသူတွေ အတွက် ပထမဆုံးရရှိတဲ့ အကျိုးကျေးဇူးဖြစ်ပြီး ရရှိလာတဲ့ အသိပညာ၊ ဗဟုသုတတွေနဲ ဦးစီးဌာန၊ ဝန်ကြီးဌာနနှင့် နိုင်ငံရဲ့ ကောင်းကျိုးအတွက် တတ်စွမ်းသရွေ့ တစ်ထောင့်တစ်နေရာမှ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြဘို့ တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ၎င်းအပြင် အိမ်နီးချင်းနိုင်ငံများမှ မျိုးရိုး ဗီဇပြောင်း ကူးစက်မြန် COVID-19 ရောဂါများ ဖြစ်ပေါ်နေပြီး နိုင်ငံအတွင်းမှာလည်း  စတင်ဖြစ်ပေါ် နေပြီ ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကူးစက်မှုကာကွယ်ရေး ဆောင်ရွက်တဲ့အခါမှာ တစ်ဦးချင်းရဲ့ ကြိုတင်ကာကွယ်မှုဟာ အဓိကအကျဆုံး ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူတွေ အနေနဲ့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုတစိုက် နေထိုင်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

                    ၎င်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ သင်တန်းမှူးက သင်တန်း အမှတ်စဉ် (၁/၂၀၂၁)တွင် သင်တန်းဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် သင်တန်းအမှတ်စဉ်  (၂/၂၀၂၁) သင်တန်း ဖွင့်လှစ်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

                    သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်များ၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမျူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR