လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌ စခန်းအခြေပြု ပြန်လည် ထူထောင်ရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၃)သင်တန်းဖွင့်ပွဲကို ယနေ့ဩဂုတ် ၁၁ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂လမ်း ကြားရှိ မူးယစ်ဆေးဖြတ် ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)ရှိ အစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက တစ်ကမ္ဘာလုံးမှာ မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီးရှိ ပြည်သူတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အခြေခံ စီးပွားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို ထိခိုက်ဆုတ်ယုတ် ပျက်စီးလျှက် ရှိပါကြောင်း၊ လူငယ်များ၏ဘဝ၊ လူသားအားလုံး၏ ဘဝပတ်ဝန်းကျင်တစ်ခုလုံး မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီး ဝင်ရောက်မလာနိုင်စေရန် ပြည်သူလူထုတစ်ရပ်လုံးမှ ညီညွတ်စွာပူးပေါင်းပါဝင်ပြီး ကာကွယ် တွန်းလှန်ဖြိုဖျက်ကြရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ  ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကိုလျော့ချ နိုင်ခဲ့သော်လည်း ဓာတု ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ မက်တာဖက်တမင်း၊ ကတ်တာမင်း စသည့် လူလုပ်မူးယစ်ဆေးဝါး ပြဿနာများဟာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်ပါကြောင်း၊ ၁၉၈၇-ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ (၂၆) ရက်နေ့ကို ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အဖြစ်သတ်မှတ် ခဲ့ချိန်မှစပြီး ကမ္ဘာ့နိုင်ငံအသီးသီး နည်းတူ မြန်မာနိုင်ငံမှာလည်း နှစ်စဉ်ကျင်းပ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး(ဗဟို)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (၁၁)ဖွဲ့ အနက် ပြန်လည်ထူထောင်ရေးအဖွဲ့တွင် ဥက္ကဌ အဖြစ်လည်းကောင်း ကဏ္ဍအသီးသီးမှာ တာဝန်ယူ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနကို (၃၁-၁-၂၀၁၈) ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း(၅)ရပ်အနက် မူးယစ်‌ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(၁၄)ခုကို ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး) အနေဖြင့် ၂၀၁၈-ခုနှစ်မှ ၂၀၂၃-ခုနှစ်၊ မတ်လအထိ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (၈)ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၇၀)ဦးအား ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ ၎င်းအပြင် စေတနာဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း(၇)ကြိမ် ဖွင့်လှစ်ပြီး သင်တန်းသား(၁၉၀)ဦးအား လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လက်ရှိတွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများ မဖွင့်လှစ်ရသေး သောကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ဝိုင်ဝန်းပူးပေါင်း ဆောင်ရွက်ပေးသော အစိုးရဌာနဆိုင်ရာများ၊ အရပ်ဖက်၊ မိတ်ဖက် အဖွဲ့အစည်းများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထိုနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေး စခန်း(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံစေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)အားနောက်ဆက်တွဲစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်နိုင် ရန်အတွက် အသင်းအဖွဲ့ ထောက်ပံ့ကြေးငွေကျပ် (၁၀)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)မှ ဒုတိယညွှန်ကြားရေးမှူး၊ မန္တလေးလူငယ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ လူကန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့၊  မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)အတွင်းရေးမှူး၊ ဗဟိုအသင်းအလုပ်အမှုဆောင်နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိလူကြီးများ၊ သင်တန်းသားများ စုစုပေါင်း (၄၀)ဦး ခန့် တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR