လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(နမ့်လတ်)၌ ယနေ့ (၂၁-၈-၂၀၂၃) ရက်၊ တနင်္လာနေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင်စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း(၁ /၂၀၂၃)  သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။


-၂-

ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်းများနှင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်နိုင်ကြောင်း ၊ သင် တန်းမှ သင်ကြားပို့ချမည့် ဘာသာရပ်များကို စနစ်တကျ လေ့လာမှတ်သား၍ လိုက်နာသင်ယူသင့်ပါ ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက်မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(နမ့်လတ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညွှန့်မြိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရပ်ဖက်မိတ်ဖက်မှတာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့နှင့်သတင်းမီဒီယာများ၊ သင်တန်းနည်းပြများ၊  သင်တန်းသားများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း(၄၅)ဦးတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းအား သင်တန်းသား (၂၀)ဦးဖြင့်   (၅)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ပြီးဖွင့်ပွဲအခမ်းအနားအားနံနက်(၁၀:၂၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

MOS

DSW

DDM

DOR