လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ) မှ ကြီးမှူးဖွင့်လှစ်ဆောင်ရွက်သော ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားအား (၁-၆-၂၀၂၁) ရက်နေ့ ညနေ(၂)နာရီ အချိန်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် ကျင်းပပြုလုပ်ခဲ့ရာ မိုင်းကိုး ပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော မှ သင်တန်းဖွင့်ပွဲအမှာစကားကို တက်ရောက်ပြောကြား ခဲ့ပါသည်။

          ထို့နောက် ကျိုင်းတုံမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းမှ ဦးစီးအရာရှိ ဦးမျိုးသက်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းကာလအတွင်း ဆောင်ရွက် ပေးမည့်အစီအစဉ်များအားရှင်းလင်းပြောကြားခဲ့ပါသည်။


        ယခုသင်တန်းတွင် မူးယစ်ဆေးဖြတ်ပြီးသူ သင်တန်းသား(၃၀)ဦးအား မူးယစ်ဆေးဝါး အပေါ် စွဲလမ်းနေသော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာများကို လူမှုရေးအရ ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးခြင်းတို့ကို (၁-၆-၂၀၂၁) ရက်မှ (၁၅-၇-၂၀၂၁) ရက်နေ့အထိ (၄၅) ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး နောက်ဆက်တွဲ စောင့်ရှောက်ခြင်း လုပ်ငန်းများကိုလည်း (၁)နှစ်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူလူထုများ၊ သင်တန်းသားများနှင့် သင်တန်းသားမိသားစုဝင်များ စုစုပေါင်းအင်အား (၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးစခန်း၊ စခန်းအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်း ဖွင့်ပွဲကျင်းပခြင်း

MOS

DSW

DDM

DOR