လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ (၁၄:၀၀) နာရီအချိန်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း အောင်မြင်စွာ ရေးဆွဲနိုင် ရေးအတွက် Technical Core Group (TCG)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စောင့် ကြည့်အကဲဖြတ်ဆပ်ကော်မတီနှင့် သုတေသနဆပ်ကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူများအတွက် ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂကွန်ဗင်းရှင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူတွေရဲ့ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာနအနေဖြင့် အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူတွေရဲ့ လူ့အခွင့်အရေးနှင့်ပတ်သက်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် မသန်စွမ်း သူများ၏ အခွင့်အရေး နည်းဥပဒေများ(၂၀၁၇)ကို ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဥပဒေ၊ နည်းဥဒေတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့အပြင် ဒေသတွင်း သဘောတူညီ ချက်တို့ကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အာဆီယံအဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ ASEAN Enabling Master Plan(2025) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မဟာဗျူဟာ (၅) နှစ် စီမံကိန်းတွင် ထည့်သွင်းလျာထားသည့် အခန်း (၆) ခန်းကို သက်ဆိုင်ရာ ဆပ်ကော်မတီများမှ ဦးဆောင်၍ မူကြမ်းရေးဆွဲခဲ့ရာ လက်ရှိတွင် တတိယအကြိမ် မူကြမ်းရရှိပြီးဖြစ်ပါကြောင်း၊ မဟာ ဗျူဟာစီမံကိန်းအတွက် အရေးပါတဲ့ စောင့်ကြည့်အကဲဖြတ်နှင့် သုတေသနတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ခြင်း  မရှိပါကြောင်း၊  ထို့အတွက်  ယနေ့တွင်  ယခုလို  သက်ဆိုင်ရာတာဝန်ရှိသူ

များနှင့် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်းနှင့် မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ရာမှာ အရေးပါတဲ့ ကဏ္ဍတွေဖြစ်တဲ့ စောင့်ကြည့်အကဲဖြတ်နှင့် သုတေသနဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးအတွက် ယနေ့ညှိနှိုင်းအစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြပါရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ Technical Core Group (TCG)၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စောင့်ကြည့်အကဲဖြတ်ဆပ်ကော်မတီနှင့် သုတေသနဆပ်ကော်မတီတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြပြီးနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မဟာဗျူဟာ (၅) နှစ်စီမံကိန်း ရေးဆွဲရေးလုပ်ငန်းစဉ်၏ အချိန်ဇယားပြန်လည်ရေးဆွဲရန် လိုအပ်ပါကြောင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကုန်ကျစရိတ်တို့ကို တွက်ချက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဆပ်ကော်မတီများမှ စိစစ်၍ အကြံပြုချက်များ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စောင့်ကြည့်အကဲဖြတ်ဆပ်ကော်မတီနှင့် သုတေသနဆပ်ကော်မတီတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ထပ်မံပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီ(၉)ခုတို့ကို အမျိုးသားကော်မတီထံတင်ပြ၍ ပြန်လည်ပြင်ဆင် ဖွဲ့စည်းနိုင်ရေးအတွက်‌ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားရင်း အစည်းအဝေးအား ( ၁၅ : ၀၀ ) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR