နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းအား (၂၃--၂၀၂၄) ရက်နေ့မှ (၂၄--၂၀၂၄)ရက်နေ့အထိဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ ဒက္ခိဏသီရိမြို့နယ်အုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများ၊ နေပြည်တော်မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် မသန်စွမ်းသူ များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။

                   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်အားလုံးတွင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကုန်အထိ စီမံကိန်းမြို့နယ်များအလိုက် ဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်လျှောက်ထားလာသူ (၂၉၆၈)ဦးကို မသန်စွမ်းသူမှတ်ပုံတင် လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့်စီမံကိန်းမြို့နယ်များအလိုက် ထပ်မံလျှောက် ထားလာသည့် မသန်စွမ်းသူများအားစိစစ်၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR