၂၀၂၁ ခုနှစ်၊ မေလ၊ (၂၁) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန နှင့် Mine Advisory Group (MAG) အဖွဲ့အစည်းတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို Virtual Meeting (Zoom) စနစ်ဖြင့် ကျင်းပရာ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်၊ MAG အဖွဲ့အစည်း၏ Country Director ဖြစ်သူ Mr. Bekim Shala ၊ Partnership Manager ဖြစ်သူ ဦးလှမိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

               အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က အဖွင့်အမှာစကား ပြောကြားရာ တွင် MAG အဖွဲ့အစည်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ (MoU) ကို (၂၀၁၈) ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မိုင်းအန္တရာယ်အသိပညာပေးခြင်း (Mine Risk Education)၊ နည်းပညာ မပါသောအချက်အလက် စုဆောင်းခြင်း (Non-Technical Survey) လုပ်ငန်းများအပါအဝင် လူသားချင်းစာနာသော မိုင်းရှင်းလင်းရေးလုပ်ငန်းများ (Humanitarian Mine Action) ဆောင်ရွက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စီမံကိန်းလုပ်ငန်း လျာထားငွေ အမေရိကန်ဒေါ်လာ (၅)သန်းဖြင့် သုံးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး လုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့် အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

               ထို့နောက် MAG အဖွဲ့အစည်းက နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး နောက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များဖြစ်သည့် မိုင်းအန္တရာယ်အသိပညာပေးခြင်း (Mine Risk Education)၊ အခြေပြုစစ်တမ်းကောက်ယူခြင်း (Baseline Survey)၊ နည်းပညာမပါသော အချက်အလက်စုဆောင်းခြင်း (Non-Technical Survey)၊ နည်းပညာပါသော အချက်အလက် စုဆောင်းခြင်း (Technical Survey)၊ အန္တရာယ်ရှိအမှတ်အသား (Warning Sign) များစိုက်ထူခြင်း၊ မိုင်းအန္တရာယ်ထိခိုက်ခံစားရသူများအား အကူအညီပေးခြင်း (Victim Assistance)၊ အစိုးရဌာနများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ပြည်တွင်း/ပြည်ပသို့ လေ့လာရေးခရီး (Exposure Visit) များစီစဉ်ပေးခြင်း နှင့် လူသားချင်းစာနာထောက်ထားသည့် မိုင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးယန္တရား (Coordination Mechanism) အဖြစ် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

          MAG အဖွဲ့အစည်းသည် (၁၉၈၉)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အင်္ဂလန်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြေမြှုပ်မိုင်းနှင့် အန္တရာယ်ဖြစ်စေတတ်သော စစ်ကျန် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ရှင်းလင်းခြင်းလုပ်ငန်းများ တွင် ရှေ့ဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများဆိုင်ရာအသင်းအဖွဲ့နှင့်အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအတွက် စိစစ် ဆောင်ရွက်ရမည့် စံလုပ်ထုံးလုပ်နည်း (Standard Operation Procedure – SOP) (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (Task Force) အဖွဲ့ဝင်များနှင့် အပြီးသတ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR