လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (လားရှိုး)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (အမျိုးသား) အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနား ကို (၁-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(လားရှိုး)မှ  စခန်းမန်နေဂျာ ဦး‌အောင်ထွန်း‌‌အေးက  သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် လူမှုဒုက္ခခံစားနေရသော ပြည်သူတွေကို ပြန်လည်ထူထောင်ပေးခြင်းဖြင့် ပိုမို ကောင်းမွန်တဲ့ဘဝကိုရရှိစေရေး၊ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးလုံးဝကင်းစင်သော နယ်မြေ ဖြစ်လာစေရန်နှင့်  မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများတွင် ကျန်းမာရေး ဦးစီးဌာနမှ မူးယစ်ဆေးဖြတ်ကုသမှုခံယူပြီးသူများအား စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင် တန်းများ၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများဖွင့်လှစ်ပြီး ရုပ်ပိုင်းဆိုင်ရာ/ စိတ်ပိုင်းဆိုင်ရာ  ပြန်လည်ထူထောင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားပေး ခြင်း၊ ရပ်ရွာလူထုအသိုင်းအဝိုင်းတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် စခန်းမန်နေဂျာက သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ပြီး သင်တန်းသား တစ်ဦးမှ သင်တန်းသားများ၏ ကိုယ်စား ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဌာနဆိုင်ရာမှ ဖိတ်ကြားထားသည် ဧည့်သည်တော်များ၊ အရပ်ဖက်မိတ်ဖက်မှ တာဝန်ရှိသူများ လူမှုရေးအသင်းအဖွဲ့နှင့် သတင်းမီဒီယာများ သင်တန်းသား များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း(လားရှိုး)မှ အရာထမ်းအမှုထမ်းများ စုစုပေါင်း (၃၅)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်း အား (၄-၈-၂၀၂၃) ရက်နေ့မှ (၁-၁၁-၂၀၂၃)ရက်နေ့အထိ သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာ လ (၉၀)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းကာလအတွင်း သင်တန်းနည်းပြများမှပြန်လည် ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာပဒေ၊ မူးယစ်ဆေးစွဲရောဂါနှင့် ကုသမှုပုံစံများ၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေးနှင့်အန္တရာယ်များအကြောင်းစသည့် ဘာသာရပ်များအား သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား နံနက်(၁၁:၃၀)နာရီ အချိန်တွင်  ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR