လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာစိုးဝင်းက တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး မွမ်းမံသင်တန်းကို လူမှုရေးဆိုင်ရာပညာရပ်နှင့် စပ်လျဉ်း၍ အသိပညာပိုမိုမြင့်မားလာစေရန်၊ လူမှုရေးပညာရပ်ကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်တို့ကို သိရှိနားလည် လာစေရန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်တို့နှင့်အညီ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများသည် အရေးကြီးပါကြောင်း၊ လူမှုရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပြီး လူတစ်ဦးချင်း၏ ပညာရေး၊ ကျန်းမာရေး အရည်အသွေးကောင်းမွန်မှုအပြင် လူတစ်ဦးချင်း၏ ခံယူချက်၊ အတွေးအခေါ် စသည်တို့ မြင့်မားရန်နှင့် ရင်းနှီးချစ်ကြည်စွာ လက်တွဲဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building) သည် နိုင်ငံရေးကဏ္ဍတွင်လည်းမပါမဖြစ် အရေးကြီးသလို အခြားကဏ္ဍများဖြစ်သည့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးတို့တွင်လည်း  မဖြစ်မနေတည်ဆောက်ထားရမည့် အခြေခံအချက်ဖြစ်ပါကြောင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း သည် လူမှုရေးပညာရပ်၏  အဓိကကျသည့် အနှစ်သာရတစ်ရပ်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းစဉ်(၅)ရပ်သည် လူလူချင်းအမြတ်ထုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုတို့ကို ခံစားနေရသူများအတွက် ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများအား တာဝန် ယူဆောင်ရွက်နေရသော ဝန်ထမ်းများအနေဖြင့် မိမိက ဝန်ဆောင်မှုပေးနေရသူတို့၏ ယုံကြည် ချက်၊ ခံယူချက်များ ခိုင်မာမြင့်မားအောင် ဆောင်ရွက်ရန်အပြင် မိမိကိုယ်တိုင်လည်း လုပ်ငန်းခွင် အတွင်း ကြုံတွေ့ရသည့်ပြဿနာ၊ အခက်အခဲတို့ကို ရင်ဆိုင်ကျော်ဖြတ်ရာတွင် စွမ်းဆောင်ရည် ပြည့်ဝရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ အသိပညာမြင့်မားရေး အပြင် ဝန်ထမ်းကောင်းတစ်ဦးပီသစွာ ကျင့်ကြံနေထိုင်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိအဖွဲ့အစည်း၊ မိမိနိုင်ငံတော်အပေါ် ယုံကြည်ချက်၊ ခံယူချက်မြင့်မားနေရန် လိုအပ်ကြောင်းနှင့် ရည်မှန်းချက်များ မပျောက်ပျက်အောင် ကောင်းမွန်သည့်လုပ်ဆောင်ချက်တို့ဖြင့် ထိန်းသိမ်း ဆောင်ရွက်၍ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းအားဖြင့် ဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် ဝန်ကြီးဌာန၏ မူဝါဒတို့ကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုရေးဆိုင်ရာအသိပညာမြင့်မားရေးမွမ်းမံသင်တန်းတွင် လူမှုရေးဆိုင်ရာ ပညာရပ်ဆိုင်ရာ သင်ခန်းစာများအပြင် ဆက်စပ်ဘာသာသာရပ်များဖြစ်သည့် အသင်းအဖွဲ့ အလိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပဋိပက္ခစီမံခန့်ခွဲမှု၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ မသန်စွမ်းမှုတို့နှင့်စပ်လျဉ်းသည့် သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များမှ ၁၆.၈.၂၀၂၃ ရက်မှ ၁၈.၈.၂၀၂၃ ရက်အထိ သင်တန်းသား၊ သင်တန်းသူ (၄၇)ဦးဖြင့် (၃)ရက်ကြာ ပို့ချသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR