“ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၁)”ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ပါသည်။


                    ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် က ယခုကျင်းပတဲ့ သင်တန်းသည် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ “ပထမအကြိမ် ဖွင့်လှစ်သည့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် ဘဏ္ဍရေး လုပ်ထုံးနည်းကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲ” ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် ဦးစီးဌာန(၃)ခုရှိတဲ့အနက် ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် (၃၀-၁-၂၀၁၈)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ မကြာသေး သည့်အတွက် ဝန်ထမ်းများရဲ့အရည်အသွေးကို တိုးမြှင့်ပေးဖို့လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ် ရခြင်းမှာ ဦးစီးဌာနရှိ အမှုထမ်းများအားလုံး ရုံးလုပ်ငန်းများ ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိဆောင်ရွက် နိုင်စေရန်၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ အရည်အသွေး ပြည့်ဝသည့်   နိုင်ငံ့ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ် ပါကြောင်း၊ အမှုထမ်းများကို သင်တန်းတက်ရောက်ရန် အဓိကရွေးချယ်ခဲ့ပြီး အဆိုပါ အမှုထမ်းများ သည် ရုံးလုပ်ငန်းပိုင်းတွင် အဓိကထောက်ပံ့ပေးရတဲ့သူတွေဖြစ်ကြပြီး နောင်ကာလမှာ တစ်ဆင့်ပြီး တစ်ဆင့် ရာထူးများတိုးမြှင့်ပြီး ရုံးလုပ်ငန်းတာဝန်တွေကို ပြောင်းလဲထမ်းဆောင်ရမှာ ဖြစ်ပါကြောင်း၊ ယခုလိုအခွင့်အရေးကောင်းကို တန်ဘိုးရှိရှိ အသုံးချစေလိုပါကြောင်း၊ နောက်လိုက်ကောင်း တစ်ယောက်ဖြစ်မှ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မှာဆိုတဲ့ အသိလေးကို စွဲစွဲမြဲမြဲခံယူစေ လိုကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း သင်တန်း(၄)ကြိမ် ဖွင့်လှစ်ရန် လျာထားသည့်အတွက် ဦးစီး ဌာနမှာရှိတဲ့ အမှုထမ်းတွေအားလုံး မိမိရဲ့မူလတာဝန်တွေကို မထိခိုက်အောင် အလှည့်ကျ ရွေးချယ် သွားမယ်လို့ သိရပါကြောင်း၊ တာဝန်ရှိကြတဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း၊ သင်တန်း နည်းပြ များအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန၊ ငွေတိုက်ဦးစီးဌာနမှ သင်တန်းနည်းပြများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးတို့မှ နည်းပြများကိုပါ ဖိတ်ကြား၍ သင်ကြားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ အရာထမ်းများမှလည်း  သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာပို့ ချသွားမှာဖြစ်ပါကြောင်း၊ ပြီးပြည့်စုံတဲ့သင်တန်းတစ်ခုဖြစ်တဲ့အတွက် နည်းပြများနှင့် သင်တန်း သားတွေကိုလည်း အထူးကျေးဇူးတင်ပါကြောင်း သင်တန်းသား/သင်တန်းသူများအနေနဲ့ သင်တန်း နည်းပြများရဲ့ ပို့ချချက်များကို ဂရုစိုက်သင်ယူမှတ်သားစေလိုပါကြောင်း၊ သင်တန်းဆင်းသည့်အခါ မိမိတို့ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပါက သင်တန်းမှ ပို့ချလိုက်တဲ့ ဘာသာရပ်များကို လက်တွေ့ အသုံးချပြီး ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ရုံးလုပ်ငန်းဆောင်ရွက်ရာတွွင်  ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မိမိတို့ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာနရဲ့အကျိုး ၊ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးများကို ကျေပွန်စွာထမ်းရွက်နိုင်တဲ့  အရည်အသွေးပြည့်ဝသော   နိုင်ငံ့ဝန်ထမ်းကောင်း များ ဖြစ်ကြပါစေလို ဆန္ဒပြု ပြောကြား လိုပါကြောင်း ပြောကြားခဲ့ပါသည်။ 


     

                   

သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာနမှ အရာထမ်းများနှင့် သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း (၄၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR