ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်း ရည်မြှင့်သင်တန်း ဖွင့်ပွဲအခမ်းအနားအား (၁၆-၁၂-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ထူထောင် ရေးဦးစီးဌာနကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဉ် (၅)ရပ်အနက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် မူးယစ်ဆေး သုံးစွဲပြီး ပြန်လည်ထူထောင်မှုခံယူရန် လိုအပ်သောလူငယ်များအတွက် လေ့ကျင့်သင်ကြားပေးသည့် ပြန်လည်ထူထောင်မှုဆိုင်ရာ လုပ်ငန်းဘာသာရပ်အား အရာထမ်း၊ အမှုထမ်းများအနေဖြင့် နားလည် တတ်ကျွမ်းထားရန် မဖြစ်မနေလိုအပ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၄၄)ကြိမ်၊ သင်တန်းသား (၉၁၄)ဦး၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း (၁၉)ကြိမ်၊ သင်တန်းသား (၆၂၀)ဦးကို ပြန်လည်ထူထောင်မှုပေးနိုင်ခဲ့ပြီး စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း (၂၉)ကြိမ်၊ သင်တန်းသား(၇၀၅)ဦးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ဦးစီးဌာနရှိ ဝန်ထမ်းများအတွက် သင်တန်း(၄)ကြိမ်၊ သင်တန်းသား(၁၁၀)ဦး လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (၁၄)ခု ဖွင့်လှစ် ထားရှိပြီး စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေး သင်တန်း၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများ ဖွင့်လှစ်၍ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်း၊ အလုပ်ပေးကုထုံး၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးခြင်းနှင့် ရပ်ရွာလူထုအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းများတက်ရောက် ပြီး လေ့လာသင်ယူရန် များစွာလိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လေလွင့် ဆုံးရှုံး နေရသည့် လူသားအရင်းအမြစ်များကို ပြန်လည်ဖော်ထုတ်ပေးနိုင်ရေး၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံအတွင်း မူးယစ်ဆေးသုံးစွဲမှုလျော့နည်း စေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင် ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း ယခုဖွင့်လှစ်သည့်သင်တန်းမှ သင်ကြား ပေးလိုက်သောဘာသာရပ်များသည် မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ဆောင်ရွက်နေသော လုပ်ငန်း များဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်သော ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားမှသာ နိုင်ငံအတွက်တစ်ထောင့်တစ်နေရာမှ အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည်ဖြစ်ပါကြောင်း၊ လိုအပ်သည့်သတင်း အချက်အလက်များနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းဆိုင်ရာ ဗဟုသုတများရရှိစေရန် သက်ဆိုင်ရာဌာနများဖြစ်သည့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဥပဒေရေးရာဌာန၊ မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် သုတေ သနဌာန၊ မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း(ရန်ကုန်)၊ ပြင်ပကျွမ်းကျင်ပညာရှင်များက ဘာသာ ရပ်အလိုက် သိသင့်သိထိုက်သည့်ဗဟုသုတများနဲ့ နည်းပညာများကို မျှဝေပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် နောင်အနာဂတ် တွင်မိမိတို့ဌာနမှအားထားရသည့်ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင်ကြိုးစားကြရန် လိုအပ်ပါကြောင်း၊ လေ့လာဆည်းပူးရရှိမည့် နည်းပညာနှင့် ဗဟုသုတများကို မိမိတို့၏လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် ထိရောက်ပိုင်နိုင်စွာ အသုံးချရန်လိုအပ်ပါကြောင်း၊ ထို့ပြင် Self Learning ပြုလုပ်ပြီး ဘာသာရပ်များ အလိုက် မိမိတို့၏အရည်အသွေးကို ကိုယ်တိုင်မြှင့်တင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ သင်တန်းမှပို့ချပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများဖြင့် စွမ်းရည်မြင့်မား သည့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ့တာဝန်များကို ဆထက်တစ်ပိုးထမ်းရွက်သွားကြရန်နှင့် သင်တန်းဖြစ်မြောက်ရေးအတွက် စေတနာ/မေတ္တာဖြင့် လာရောက်ပို့ချပေးသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များနှင့် တက်ရောက်လာကြသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့ပြီးနောက် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းညိုက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းလှိုင်က မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသို့ ပြန်လည်ထူထောင်ရေးသင်တန်း ဆင်းပြီး နောက်ဆက်တွဲစောင့်ရှောက်မှုပေးမည့် သင်တန်းသား(၁၀)ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်(၆၀၀,၀၀၀/-)အား ပေးအပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းအား(၁၆-၁၂-၂၀၂၄)ရက်နေ့မှ (၂၀-၁၂-၂၀၂၄)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ၊ အရပ်ဖက်/ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ စုစုပေါင်း(၄၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို နံနက်(၁၀:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။