မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း အောင်မြင်စွာ ရေးဆွဲနိုင်ရေးအတွက် မဟာဗျူဟာ၏ လျာထားအခန်း(၆)ခန်းမှ အခန်း(၅)ဖြစ်သည့် သဘာဝဘေး နှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ခေါင်းစဉ်ဖြင့် တတိယအကြိမ် Online အစည်းအဝေးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနတွင် ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အစည်းအဝေးတွင် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာ စကားပြောကြားပြီး ဆပ်ကော်မတီအတွင်းရေးမှူးဖြစ်သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးက အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါ သည်။ အစည်းအဝေးသို့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီဝင်များ၊ အခြားဆပ်ကော်မတီ(၈)ခုမှ ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ကော်မတီတို့ရှိ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ UNICEF (မြန်မာ)မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဆပ်ကော်မတီဝင်အသီးသီးမှ တာဝန်ရှိသူများက မဟာဗျူဟာ (၅) နှစ် စီမံကိန်း တတိယမူကြမ်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အုပ်စုလိုက်ဆွေးနွေးအကြံပြု ကြပါသည်။ ထို့နောက် သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားပြီးနောက် အစည်းအဝေးကို နေ့လယ်(၁၂:၃၀)နာရီတွင် ရုတ်သိမ်းကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေး
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR