လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)၌ စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၉-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က သင်တန်းဆင်း အမှာ စကားပြောကြားခဲ့ရာတွင် ကမ္ဘာ့နိုင်ငံ့များအားလုံးသည် မူးယစ်ဆေးဝါး ပြဿနာကို အမျိုးသားရေး တာဝန်အဖြစ် တိုက်ဖျက်လာခဲ့ကြပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ လူမျိုး တစ်မျိုးအနေဖြင့်သာ ရင်ဆိုင်ဖြေရှင်းရသည့် ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာ လုံးနှင့်ပါသက်ဆိုင်သည့် လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင် ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာတစ်ခုဖြစ်ပါကြောင်း၊ လူငယ်များ၏ဘဝ၊ လူသားအားလုံး၏ ပတ်ဝန်းကျင်တစ်ခုလုံး မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီးဝင်ရောက်မလာစေနိုင်ရန် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ကာကွယ်တွန်းလှန်ရမည်ဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်များဖြစ်စေ နိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်နိုင်ရန် အမျိုးသားအဆင့် မူးယစ်ဆေးဝါး တိုက်ဖျက် ရေး မဟာဗျူဟာစီမံချက်များရေးဆွဲလျက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို တွေ့မြင်နေရ ပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်း၊ ရုပ်ပိုင်း ပြန်လည်ထူထောင်မှုပေးခြင်းဖြင့် ၎င်းတို့၏လူမှုစီးပွားရေးဘဝတိုးတက်စေပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(၁၄)ခု ဖွင့်လှစ်၍ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း၊ ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းနှင့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းများစဉ်ဆက်မပြတ် ဖွင့်လှစ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအားအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို တက်ရောက်ခဲ့ကြသော သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီးနောက် မိမိရပ်ရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် စခန်းမှသင်ကြားပို့ချပေးလိုက်သော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနည်းလမ်း များကို ဆက်လက်လိုက်နာကျင့်သုံး၍ ယခုအချိန်မှ စတင်ကာ ခြေလှမ်းအသစ်များဖြင့် စိတ်သစ် လူသစ်ဘဝသစ်ဆီသို့ တက်လှမ်းကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်စခန်း(ရန်ကုန်)မှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်ခင်ဆွေလှိုင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ၊ ဦးစံရှိန်က နောက်ဆက်တွဲစောင့်ရှောက်မှုများ နှင့်ပတ်သက်၍ အခန်းကဏ္ဍများအား ရှင်းလင်းခဲ့ပါသည်။

ဆက်လက်၍ ပြန်လည်ထူထောင်မှုခံယူခဲ့ကြသော သင်တန်းသား(၂၀)ဦးအား လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊  မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်စခန်း(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ခင်ဆွေလှိုင်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသို့ အသင်းအဖွဲ့ထောက်ပံ့ကြေးငွေ-၁,၀၀၀,၀၀၀/-(ကျပ်တစ်ဆယ်သိန်းတိ တိ)အား ထောက်ပံ့ပေးခဲ့ပါသည်။

သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား(၂၀)ဦးအား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ပြီး သင်တန်းဆင်းသင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားခဲ့ပါသည်။

           သင်တန်းဆင်းပွဲအခမ်းအနားတွင် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ၊ အရပ်ဖက်မိတ်ဖက်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မူးယစ်ဆေး ဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)မှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းအား (၂၀-၉-၂၀၂၃)ရက်နေ့မှ (၁၉-၁၂-၂၀၂၃)ရက်နေ့ အထိ သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလ(၉၀)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်း ဆင်းပွဲအခမ်းအနားအား နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR